ပဲခူးတိုင်းဒေသကြီး

မင်းလှ၌ ရေဘေး၊ မြေပြိုဘေး၊ ငလျင်ဘေး၊ လေပြင်းဘေး၊ မုန်တိုင်းဘေး ကြိုတင်ကာကွယ်‌ရေးနှိုးဆော်ခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက ရေဘေး၊ မြေပြိုဘေး၊ ငလျင်ဘေး၊ လေပြင်းဘေး၊ မုန်တိုင်းဘေးအန္တရာယ်ကြိုတင်ကာကွယ်‌ရေး အသိပညာ‌ပေးနှိုးဆော်ခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းကို ဇူလိုင်လ ၂၀ ရက်နေ့ နက်ပိုင်းက ဆောင်ရွက်ခဲ့သည်။

တောင်ငူမြို့၊ ရှေးဟောင်းသမိုင်းဝင် ရွှေဆံတော်စေတီတော်မြတ်ကြီး၏ အထွဋ်မှ စိန်ဖူးတော်နှင့် ငှက်မြတ်နားတော်အား ယာယီစံကျောင်းတော်သို့ ပင့်ဆောင်

မတ် ၂၈ ရက်နေ့တွင် လှုပ်ခတ်ခဲ့သော အင်အားပြင်း မန္တလေးငလျင်ဒဏ်ကြောင့် ပျက်စီးယိုယွင်းခဲ့သည့် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၏ ရှေးဟောင်းသမိုင်းဝင် ရွှေဆံတော်စေတီတော်မြတ်ကြီး ရောင်တော်ဖွင့်ခြင်း၊ သန့်စင်ခြင်း၊ ချေးချွတ်ခြင်း၊ စေတီတော်မြတ်ကြီးအား ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင်  ရွှေဆံတော်စေတီတော်မြတ်ကြီး၏ အထွဋ်မှ စိန်ဖူးတော်နှင့် ငှက်မြတ်နားတော်တို့အား ဂန္တဝင်ကိုးခန်းသိမ်တော် ယာယီစံကျောင်းတော်သို့ ပင့်ဆောင်ခဲ့ကြောင်း သိရသည်။

ညောင်လေးပင်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ မြို့နယ်စာရေးဆရာအသင်းမှ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်ခရိုင် ညောင်လေးပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ယနေ့မွန်းလွဲ ၁ နာရီက မြို့နယ်စာရေးဆရာအသင်းမှ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့သည်။

အုတ်တွင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာဖတ်ဝိုင်းကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့နှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား/ ကျောင်းသူများအား ကျောင်းစာအပြင် ပြင်ပစာပေများဖတ်ရှုသည့် အလေ့အကျင့်များ ရရှိစေရေး၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရေးနှင့် အသိပညာဗဟုသုတများ ရရှိစေရေးအတွက် ယနေ့နံနက်(၁၀)အချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဆောင်းပါးရှင် မြေလတ်မောင်မြင့်သူ ရေးသားသည့် “အားရစရာနှင့်အားကျစရာ” ခေါင်းစဥ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။

ဇီးကုန်းမြို့နယ်၌ ကျောင်းကြက်ခြေနီ ရှေးဦးပြုစုခြင်း အခြေခံသင်တန်း (၁/၂၀၂၅) ဖွင့်လှစ်

မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ဇီးကုန်းမြို့နယ် ကြက်ခြေနီကြီးကြပ်မှုကော်မတီတို့၏ကြီးကြပ်မှုဖြင့် မြို့နယ်ကြက်ခြေနီအသင်း (ခွဲ)နှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းကြက်ခြေနီ ရှေးဦးပြုစုခြင်း အခြေခံသင်တန်းအမှတ်စဉ် (၁/၂၀၂၅) သင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း (အ.ထ.က-ဇီးကုန်း)၌ ပြုလုပ်ခဲ့သည်။

ရွှေတောင်မြို့နယ်အတွင်း ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ရပ်ကွက်နှင့်ကျေးရွာအုပ်စုတို့ရှိ အချို့နေရာများအတွင်း မြစ်ရေ ဝင်ရောက်မှုဖြစ်ပွား

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အတွင်း ဧရာဝတီမြစ်ရေဧရာဝတီမြစ်ရေ (၈၇.၃) ပေမြင့်တက်မှုကြောင့် ရပ်ကွက်နှင့်ကျေးရွာအုပ်စုအချို့နေရာများအတွင်း ဧရာဝတီမြစ်ရေဝင်ရောက်မှု ထပ်မံဖြစ်ပွားခဲ့ကြောင်း သိရသည်။

မိုးညိုမြို့နယ်တွင် (၇၈)နှစ်မြောက် အာဇာနည်နေ့ ဝမ်းနည်းခြင်းအထိမ်းအမှတ် ဥဩဆွဲခြင်းနှင့် အလေးပြုခြင်းများ ပြုလုပ်

၂၀၂၅ ခုနှစ်၊ ဇူလိုင် (၁၉)ရက်နေ့တွင် ကျရောက်သည့် (၇၈)နှစ်မြောက် အာဇာနည်နေ့ဝမ်းနည်းခြင်း အထိမ်းအမှတ်အနေဖြင့် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်ရှိ မြို့နယ်မီးသတ်တပ်ဖွဲ့စခန်းနှင့် နယ်မြေစခန်းသုံးခုတို့မှ နံနက် (၁၀)နာရီ (၃၇) မိနစ်အချိန်က ဥဩဆွဲခြင်းနှင့် အလေးပြုခြင်းများ တစ်ပြိုင်တည်းပြုလုပ်ခဲ့‌ ကြောင်းသည်။

အုတ်တွင်းမြို့နယ်၌ ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ ကျန်ရစ်သူမိသားစုအား အကျိုးခံစားခွင့် ထုတ်ပေးခြင်း အခမ်းအနား ကျင်းပ

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ် လူမှုဖူလုံရေးအဖွဲ့မှ ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေး ဥပဒေနှင့်အညီ အကျိုးခံစားခွင့်များ ခွင့်ပြုထုတ်ပေးခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက အုတ်တွင်းမြို့နယ်၊တောင်ငူပင်မဓာတ်အားခွဲရုံ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကြို့ပင်ကောက်မြို့တွင် (၇၈) နှစ်မြောက် အာဇာနည်နေ့ ဝမ်းနည်းခြင်း အထိမ်းအမှတ် ဥဩဆွဲခြင်း အစီအစဉ် ပြုလုပ်

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့တွင် (၇၈) နှစ်မြောက် အာဇာနည်နေ့ ဝမ်းနည်းခြင်းအထိမ်းအမှတ် ဥဩဆွဲခြင်း အစီအစဉ်ကို မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီး၍ ဇူလိုင်လ ၁၉ ရက်နေ့ နံနက် ၁၀ နာရီ ၃၇ မိနစ်တွင် မြို့နယ်အတွင်း နေရာငါးနေရာတွင် တစ်ပြိုင်တည်း ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

မင်းလှမြို့တွင် (၇၈)နှစ်မြောက် အာဇာနည်နေ့ ဝမ်းနည်းခြင်းအထိမ်းအမှတ် ဥဩစွဲအ‌လေးပြုခြင်း ပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့တွင် (၇၈)နှစ်မြောက် အာဇာနည်နေ့ ဝမ်းနည်းခြင်းအထိမ်းအမှတ် ဥဩစွဲအလေးပြုခြင်းအစီအစဉ်ကို ဇူလိုင်လ (၁၉)ရက် နံနက် (၁၀)နာရီ (၃၇)မိနစ်အချိန်က မြို့နယ်မီးသတ်ဦးစီးဌာနက ဦးစီး၍ နယ်မြေစခန်းများနှင့် တစ်ပြိုင်တည်း ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to ပဲခူးတိုင်းဒေသကြီး