ပဲခူးတိုင်းဒေသကြီး

(၃၂)ကြိမ်မြောက် လစဉ်အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်ပေးနေမှု ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး သွားရောက်ကြည့်ရှုအားပေး

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများနှင့်အတူယမန်နေ့နံနက်ပိုင်းက ပဲခူးမြို့၊ အထွေထွေရောဂါကုဆေးရုံကြီးသို့သွားရောက်၍ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် (၃၂)ကြိမ်မြောက်လစဉ်အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီး ဒေါ်စိုးစိုးသက်တို့က သွားရောက်ကြည့်ရှုအားပေးခဲ့သည်။

တောင်ငူမြို့၊ အ.ထ.က (၅) ၌ ၂၀၂၅ ခုနှစ်၊ ဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်သစ်တောဦးစီးဌာနနှင့် တောင်ငူမြို့နယ် သစ်တောဦးစီးဌာနတို့ ဦးဆောင်ကာ ခရိုင်နှင့် မြို့နယ်သစ်တောဦးစီးဌာနမှ ဝန်ထမ်းများက တောင်ငူမြို့၊ အ.ထ.က (၅)၌ ၂၀၂၅ ခုနှစ်၊ ဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက် (၉) နာရီအချိန်က ကျင်းပသည်။

နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးပြီး စားသုံးဆီနှင့် ကြက်ဥများ သက်သာသောဈေးနှင့် ရောင်းချပေး

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ပြည်သူဆေးရုံ၌ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ ပင်စင်လစာထုတ်ရက်တွင် ကျန်းမာရေးစောင့်ရှောက်မှုများ အခမဲ့ဆောင်ရွက်ပေးပြီး စာသုံးဆီနှင့် ကြက်ဥများသက်သာသော ဈေးနှုန်းဖြင့် ရောင်ချပေးခြင်းကို ယနေ့က ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြည်မြို့၌ နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)များအား Biometric အချက်အလက်ကောက်ယူခြင်းနှင့် smart card များ ပြုလုပ်ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ရှိ မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်လာရောက်ထုတ်ယူခြင်းနှင့် လစဉ်ပင်စင်ထုတ်ရက်တိုင်း ပြည်မြို့ ခုတင် (၅၀၀) အထွေထွေရောဂါကုဆေးရုံကြီး၌ အခမဲ့ကျန်းမာ‌ရေးစောင့်ရှောက်မှုခံယူရန် လာရောက်ကြသော နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)များအား Biometric အချက်အလက်ကောက်ယူခြင်းနှင့် smart card များ ပြုလုပ်ပေးခြင်းကို ယနေ့နံနက်ပိုင်းတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများက သွားရောက်ဆောင်ရွက်ပေးကြသည်။

လက်ပံတန်း၌ နိုင်ငံ့ဝန်ထမ်း (အငြိမ်းစား) များအား ဇီဝဆိုင်ရာကိုယ်ရေး အချက်အလက်ကောက်ယူခြင်းနှင့် Smart Card များဆောင်ရွက်ပေး

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် လက်ပံတန်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)များအား ကိုယ်ရေးအချက်အလက် (Biographic)၊ ဇီဝဆိုင်ရာအချက်အလက် (Biometric) ကောက်ယူခြင်းနှင့် Smart Card များ ပြုလုပ်ခြင်းကို လက်ပံတန်းမြို့ မြန်မာ့စီးပွားရေးဘဏ်၌ ယနေ့နံနက် ၁၀ နာရီက ဆောင်ရွက်ပေးလျှက်ရှိသည်။

ထန်းတပင်မြို့နယ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ၏ ပင်စင်လစာငွေများအား ပုံမှန်ထုတ်ပေးလျက်ရှိ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်ခွဲမှ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယနေ့နံနက်ပိုင်းမှ စတင်၍ ထုတ်ပေးလျက်ရှိရာ လူစုလူဝေးမဖြစ်ပေါ်စေရန်အတွက် ရပ်ကွက်ကျေးရွာများမှ ပင်စင်စားများအား နေ့အလိုက်ခွဲခြားသတ်မှတ်၍ စနစ်တကျပင်စင်လစာငွေများ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ဇီးကုန်းမြို့နယ်၌ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား UIDကွင်းဆင်း ဆောင်ရွက်‌ပေး

“လူမှုဘဝပြည့်စုံဖို့နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်ဦးစီးမှူးရုံးမှ အိမ်ထောင်စုလူဦး‌ရေစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် UID စာရင်းကောက်ယူခြင်းတို့ကို ကွင်းဆင်းဆောင်ရွက်‌ပေးလျက်ရှိရာ ယနေ့နံနက်က နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား မြန်မာ့စီးပွားရေးဘဏ်၌ UID ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။

ကျောက်ကြီးမြို့နယ်၌ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာငွေများထုတ်ပေး

ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ ယနေ့ နံနက်ပိုင်းက နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာငွေများ ထုတ်ပေးလျက်ရှိကြောင်းသိရသည်။

သာယာဝတီမြို့နယ်၌ လူငယ်များဗလငါးတန်နှင့်ပြည့်စုံစေရေး လူငယ်စကားဝိုင်း ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနနှင့် စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံကျောင်းတို့ပူးပေါင်း၍ ယနေ့ နံနက် ၉ နာရီက ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များပေါ်ထွန်းလာစေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်းကျင်းပခဲ့​သည်။

မင်းလှမြို့နယ်တွင် ဦးတို‌အခြေခံပညာမူလတန်းကျောင်း တိုးချဲ့‌ကျောင်းဆောင်သစ် ဖွင့်လှစ်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ထောက်ကြံကွင်းကျေးရွာအုပ်စု၊ ဦးတိုကျေးရွာတွင် ဦးတို‌အခြေခံပညာမူလတန်းကျောင်းတိုးချဲ့‌ကျောင် းဆောင်သစ် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ကပြုလုပ်ခဲ့သည်။
Subscribe to ပဲခူးတိုင်းဒေသကြီး