ပဲခူးတိုင်းဒေသကြီး

ဇီးကုန်းမြို့နယ်တွင် (၇၈)နှစ်မြောက်အာဇာနည်နေ့ဝမ်းနည်းခြင်းအထိမ်းအမှတ် မီးသတ်တပ်ဖွဲ့စခန်းများက ဥဩဆွဲခြင်းနှင့် အလေးပြုခြင်းများပြုလုပ်

၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၉ ရက်(စနေနေ့)တွင် ကျရောက်သည့် (၇၈)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အနေဖြင့် ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်ရှိ မီးသတ်တပ်ဖွဲ့စခန်းနှစ်ခုမှ  နံနက် ၁၀ နာရီ ၃၇ မိနစ်အချိန်က ဥဩဆွဲခြင်းနှင့်အလေးပြုခြင်းများ   တစ်ပြိုင်တည်းပြုလုပ်ဆောင်ရွက်ခဲ့သည်။

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးရိုင်အတွင်းရှိ တောင်သူများအတွက် မျိုးစေ့ချကိရိယာ (Drum Seeder)များ ပေးအပ်

ပဲခူး ဇူလိုင် ၁၉ တိုင်းဒေသကြီးအတွင်း ရေတော်မိုးတော် မိုးစပါးစိုက်ဧက(၂၁)သိန်းကျော်အား ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် တစ်ဧကစိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်သက်သာစေရေး တိုင်းဒေသကြီးအစိုးရအဖွဲ့အစီအစဉ်ဖြင့် ထုတ်လုပ်ခဲ့သော မျိုးစေ့ချကိရိယာ (Drum Seeder) များအား ပဲခူးခရိုင်အတွင်းရှိ တောင်သူများအတွက် ပေးအပ်ပွဲအခမ်းအနားကို ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့သည်။

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ညောင်ခါးရှည် အမြဲတမ်းစစ်ဆေးရေးစခန်း လုပ်ငန်းစတင်ခြင်းအခမ်းအနားသို့ တက်ရောက်

မြဝတီ-ရန်ကုန် ကုန်သွယ်မှုလမ်းကြောင်း၌ တရားမဝင်ကုန်သွယ်မှုများ ထိရောက်စွာတားဆီးထိန်းချုပ်နိုင်ရန်အတွက် ညောင်ခါးရှည်အမြဲတမ်းစစ်ဆေးရေးစခန်း ကုန်ပစ္စည်းစတင်စစ်ဆေးခြင်းအခမ်းအနားကို ဇူလိုင် ၁၇ ရက်နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၊ ညောင်ခါးရှည်အမြဲတမ်းစစ်ဆေးရေးစခန်း၌ ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ အစိုးရဖွဲ့ဝင်ဝန်ကြီးများ၊ သက်ဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း အမျိုးသားလျှပ်စစ်ကျွမ်းကျင်မှုသင်တန်း ဖွင့်လှစ် သင်ကြားနေမှုအား ကြည့်ရှု အားပေး

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရဖွဲ့ဝင်ဝန်ကြီးများ၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ပဲခူးမြို့၊ အနောက်ဘက် မြို့ရှောင်လမ်း၊  မြန်မာနိုင်ငံလုပ်သားများကျွမ်းကျင်မှု“စံ”သတ်မှတ်ပြဌာနးရေးအဖွဲ့၊ နည်းပညာအထောက်အကူပြုရုံး၌ အမျိုးသားလျှပ်စစ်ကျွမ်းကျင်မှုသင်တန်း ဖွင့်လှစ်သင်ကြားနေမှုအား ကြည့်ရှုအားပေးခဲ့သည်။

ပြည်မြို့၌ ဌာနဆိုင်ရာများနှင့် ပရဟိတလူမှုကယ်ဆယ်ရေးအဖွဲ့များပူးပေါင်း၍ ရေပြင်အသက်ကယ် သဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ ကမ်းနားလမ်း၊ ဆိပ်ခံဗောတံတားအနီး ဧရာဝတီမြစ်ရေပြင်၌ ရေပြင်အသက်ကယ်သဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်မှုသရုပ်ပြခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက ပြည်ခရိုင်နှင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ သန္ဓေနှင့်အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ပြည်မြို့ရှိ အရပ်ဘက်ပရဟိတလူမှုကယ်ဆယ်ရေးအဖွဲ့များ ပူးပေါင်းဆောင်ရွက်ကြသည်။

ပေါက်ခေါင်းမြို့နယ်တွင် ကြံစိုက်ဧကပေါင်း နှစ်သောင်းကျော် စိုက်ပျိုးပြီးစီး

ကြံစိုက်ပျိုးဧကများစွာရှိသော ပေါက်ခေါင်းမြို့နယ်တွင် ကြံစိုက်ဧကပေါင်း နှစ်သောင်းကျော်ရှိရာ ယခုနှစ်တွင်လည်း ကြံစိုက်ဧက ၂၀၅၈၉ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။

ပေါက်ခေါင်းမြို့နယ်တွင် သွေးလွန်တုတ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်း၊ အဘိတ်ဆေး (Abate) ခပ်ခြင်းများ ဆောင်ရွက်

ပေါက်ခေါင်းမြို့နယ်တွင် သွေးလွန်တုတ်ကွေးရောဂါ ကြိုတင်ကာကွယ်သည့်အနေဖြင့် ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်း၊ အဘိတ်ဆေး (Abate) ခပ်ခြင်းကို ဇူလိုင်လ ၁၅ ရက်နေ့က ရပ်ကွက်/ကျေးရွာများရှိ ရေသိုလှောင်ရာနေရာများတွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မင်းလှမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေး  ဟောပြောပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့၌ စာဖတ်ရှိန်မြှင်တင်ရေးနှင့် လူငယ်များမျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေး၊ အတွေးအခေါ်မှန်ကန်ရေး၊ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်ရေးစေရန်ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ဇူလိုင်လ ၁၆ ရက်နေ့က အ.မ.က(လွန်)ဇေယျဝတီကျောင်း၌ ပြုလုပ်ခဲ့သည်။

ကဝမြို့နယ်တွင် ၂၀၂၅ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ဆက်လက်ထုတ်ချေး

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၂၅ ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးခြင်းကို ယမန်နေ့နံနက် (၁၀)နာရီက ကဝမြို့နယ် ငါးထပ်ကြီးဘုရားရင်ပြင်ပေါ်တွင်ဆောင်ရွက်ခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်း တိုက်များမှ သက်တော်ရှည်ဆရာတော်ကြီးများထံ ဆွမ်းဆန်၊ ဆီ၊ ဆား၊ ပဲ၊ ဆေးနှင့် လှူဖွယ်ဝထ္တုပစ္စည်းများ ဆက်ကပ်လှူဒါန်း

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းတိုက်များမှ သက်တော်ရှည်ဆရာတော်ကြီးများနှင့် ဆရာတော်/သံဃာတော်များ ဝါတွင်းကာလအတွင်း ဆွမ်းကွမ်းအခက်အခဲမရှိစေရေးတို့အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဆွမ်းဆန်၊ ဆီ၊ ဆား၊ ပဲ၊ ဆေးနှင့် လှူဖွယ်ဝထ္တုပစ္စည်းများ ဆက်ကပ်လှူဒါန်းပွဲကို ဇူလိုင်လ ၁၇ ရက်၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ ဘုရားကြီးရပ်ကွက်ရှိ သာစံကျောင်းတိုက်ကြီးတွင်ကျင်းပရာ ဆက်ကပ်လှူဒါန်းပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌများနှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။
Subscribe to ပဲခူးတိုင်းဒေသကြီး