မင်းလှမြို့နယ်တွင် ဦးတို‌အခြေခံပညာမူလတန်းကျောင်း တိုးချဲ့‌ကျောင်းဆောင်သစ် ဖွင့်လှစ်

မင်းလှ ဇူလိုင် ၂၁

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ထောက်ကြံကွင်းကျေးရွာအုပ်စု၊ ဦးတိုကျေးရွာတွင် ဦးတို‌အခြေခံပညာမူလတန်းကျောင်းတိုးချဲ့‌ကျောင် းဆောင်သစ် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ကပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူးဦးမျိုးတင့်ထူးက အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်ပညာရေးမှူး ဒေါ်ကြည်ကြည်ချိုက တိုးချဲ့ကျောင်းဆောင်သစ်ဆောက်လုပ်ရေး ကိစ္စရပ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ရာ ကျောင်းအုပ်ဆရာကြီးဦးတင့်လွင်က ကျောင်းသားမိဘများကိုယ်စား ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။

ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးတင့်ထူး၊  မြို့နယ်ပညာရေးမှူး ဒေါ်ကြည်ကြည်ချို၊ ကျောင်းအုပ်ဆရာကြီးဦးတင့်လွင်တို့က ဦးတို‌အခြေခံပညာမူလတန်းကျောင်း တိုးချဲ့‌ကျောင်းဆောင်သစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့၍ အမွေးနံသာရည်များဖြင့် ပတ်ဖျန်းပေးခဲ့ကြသည်။

အဆိုပါ ကျောင်းဆောင်သစ်ကို ပညာရေးဝန်ကြီးဌာန၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်(အထွေထွေပိုလျံ)ရန်ပုံငွေမှကျပ်(၁၅၂.၆၅၀)သန်းဖြင့်(၆၀"×၃၀") RCC(၁) ထပ်ဆောင်သစ်အား ဓူဝံလင်းလက်ကုမ္မဏီမှ တာဝန်ယူတည်ဆောက်ခဲ့ကြောင်း သိရသည်။

ပေါက်စ(မင်းလှ)