ပဲခူးတိုင်းဒေသကြီး

မိုးညိုမြို့နယ်၌ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ဇွန်လ ၁၄ ရက်‌နေ့ နံနက်ပိုင်းအချိန်က ရေကင်းကျေးရွာအုပ်စုအတွင်းသို့ ကွင်းဆင်းဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။

ညောင်လေးပင်မြို့၌ ပန်းခင်းစီမံချက်အဆင့် (၃) ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် Biometric ကောက်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ညောင်လေးပင်မြို့နယ်ဦးစီးမှူးရုံးက မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများအတွင်း နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် Biometric ကောက်ယူခြင်းလုပ်ငန်းများ မပြုလုပ်ရသေးသောမိဘပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများအား ခေါ်ယူ၍ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် ဇွန် ၁၄ ရက်နေ့ နံနက်ပိုင်းမှ စတင်၍ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။

ကျွန်းလှမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ (ဒုတိယအကြိမ်) မြန်မာစာဘာသာ စတင်ဖြေဆို

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ (ဒုတိယအကြိမ်) မြန်မာစာဘာသာကို ယနေ့နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း (ကျွန်းလှ) စာစစ်ဌာန၌ စတင်ဖြေဆိုကြောင်း သိရသည်။

သာယာဝတီ၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၏ နှစ်(၃၀)ပြည့်နှစ်ပတ်လည်အကြို စုပေါင်းသွေးလှူဒါန်း

၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၅ ရက်နေ့တွင်ကျရောက်သည့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၏ နှစ်(၃၀)ပြည့်နှစ်ပတ်လည်နေ့အကြို စုပေါင်းသွေးလှူဒါန်းပွဲကို ဇွန်လ ၁၂ ရက်နေ့ နံနက် ၉ နာရီက သာယာဝတီခရိုင်ပြည်သူ့ဆေးရုံကြီး ကုတင်(၁၀၀)၌ကျင်းပခဲ့သည်။

ပေါင်းတည်၌ Book Club အဖွဲ့ စာဖတ်ဝိုင်းနှင့် ဆွေးနွေးပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ဇွန် ၁၄ ရက်နေ့ နံနက်ပိုင်းက Book Club အဖွဲ့ စာဖတ်ဝိုင်းကျင်းပပြုလုပ်သည်။

ပေါင်မြို့နယ်၌ ရွေးကောက်ပွဲ၌အသုံးပြုမည့် မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM)များကို ကြီးကြပ်ဆောင်ရွက်ရန် လုပ်ငန်းဖွဲ့စည်း‌အစည်းအဝေး ပြုလုပ်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ရွေးကောက်ပွဲ၌ အသုံးပြုမည့် မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) များကို ကြီးကြပ်ဆောင်ရွက်ရန် လုပ်ငန်းဖွဲ့စည်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထင်လင်းအောင်နှင့်အဖွဲ့ဝင်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ကညွတ်ကွင်းမြို့၌ ကလေးသူငယ်များအား ဗုဒ္ဓဘာသာယဥ်ကျေးလိမ္မာ ဓမ္မစကူးလ်သင်တန်းအချိန်တို သင်ကြားပေး

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ ကညွတ်ကွင်းမြို့၊ ပုပ္ပါးကျောင်းစာသင်တိုက်၌ ပညာပြည့်ဝနှလုံးလှ၍ ဓမ္မအမွေများ ပြန့်ပွားစေရန်ရည်ရွယ်၍ ကလေးလူငယ်များအား ဗုဒ္ဓဘာသာယဥ်ကျေးလိမ္မာ ဓမ္မစကူးလ်သင်တန်းကို တစ်ပတ်လျှင် တနင်္ဂနွေ နေ့တစ်ရက် အားလပ်ချိန်များတွင် အချိန်တိုအတွင်း သင်ကြားပေးနေလျက်ရှိကြောင်း ပုပ္ပါးကျောင်း စာသင်တိုက် နာယကဆရာတော်ထံမှ သိရသည်။

တောင်ငူမြို့၌ ​တောင်ငူတပ်နယ်မှ တန်ဖိုးသင့်စားသောက်ကုန်ပစ္စည်းများနှင့် ဟင်းသီးဟင်းရွက်များ စျေးနှုန်းချိုသာစွာ လာရောက်ရောင်းချ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ တောင်ပိုင်းတိုင်းစစ်ဌာန၊ တောင်ငူတပ်နယ်မှ အရာရှိ၊ စစ်သည်များ၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ဒေသခံပြည်သူများ ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်လျက်ရှိရာ တောင်ငူတပ်နယ်မှ အရာရှိ၊ စစ်သည်များသည် တန်ဖိုးသင့်စားသောက်ကုန်ပစ္စည်းများနှင့် ဟင်းသီးဟင်းရွက်များကို စျေးနှုန်းချိုသာစွာ လာရောက်ရောင်းချသည်။

ပေါင်မြို့နယ်၌ ၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါးရာသီတွင် ခေါင်နှံစနစ်ဖြင့် စိုက်ပျိုး၍ မျိုးသန့်ပွားများခြင်းနှင့် ကြဲခင်းစနစ်လျော့ချရေးအတွက် မျိုးစေ့ချကိရိယာ (Seeder) စနစ်ဖြင့် စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲပြုလုပ်

မွန်ပြည်နယ်‌၊ ပေါင်မြိုနယ်၌ စိုက်ပျိုးရာသီတွင် ခေါင်နှံစနစ်ဖြင့် စိုက်ပျိုး၍ မျိုးသန့်ပွားများခြင်းနှင့် ကြဲခင်းစနစ်လျော့ချရေးအတွက် မျိုးစေ့ချကိရိယာ (Seeder) စနစ်ဖြင့် စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကို ယမန်နေ့နံနက် (၉) နာရီက သဲဖြူကုန်းကျေးရွာ ဦးဒါဝတ်၏ လယ်မြေ၌ ပြုလုပ်ရာ သထုံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထင်လင်းအောင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်အဆင့်နှင် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်တောင်သူများက တက်ရောက်ခဲ့ကြသည်။

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား (၆) ခရိုင်၊ အသက် (၁၈) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

အလားအလာရှိသော ထူးချွန်ထက်မြက်သည့် မျိုးဆက်သစ် အားကစားသမားကောင်းများ ဖော်ထုတ်လေ့ကျင့်ပေးနိုင်ရေးနှင့် နိုင်ငံ့ကိုယ်စားပြုအားကစားသမားများ ပေါ်ထွက်လာစေရေးအတွက် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား (၆) ခရိုင်၊ အသက် (၁၈) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ဇွန်လ (၁၃) ရက်နေ့၊ ညနေပိုင်းအချိန်က ပဲခူးမြို့ ဥဿာမြို့သစ်ရှိ တိုင်းဒေသကြီး အားကစားဥယျာဉ် ဘက်စုံအားကစားကွင်း၌ ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ပေးခဲ့သည်။
Subscribe to ပဲခူးတိုင်းဒေသကြီး