ထန်းတပင်မြို့နယ်တွင် တက္ကသိုလ်ဝင်တန်းအောင်စာရင်း ထုတ်ပြန်ကြေညာ

ထန်းတပင်(ပဲခူး) ဇူလိုင် ၂၈

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်မြင်သူများစာရင်းအား သက်ဆိုင်ရာမြို့နယ်ပညာရေးမှူးရုံးနှင့် သက်ဆိုင်ရာစာစစ်ဌာနတွင် ယမန်နေ့နံနက် ၆ နာရီအချိန်မှစတင်၍ ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။

ထန်းတပင်မြို့နယ်၌ စာစစ်ဌာနတစ်ခုတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ (၂၉၃)ဦးရှိပြီး အောင်ချက်ရာခိုင်နှုန်းမှာ (၃၇.၅၄) ရာခိုင်နှုန်းရှိကာ (၄)ဘာသာဂုဏ်ထူးရှင် (၂)ဦး၊ (၃)ဘာသာဂုဏ်ထူးရှင် (၃)ဦး ၊ (၂) ဘာသာဂုဏ်ထူးရှင် (၃)ဦး၊ (၁) ဘာသာဂုဏ်ထူးရှင် (၅)ဦးရှိပြီး စုစုပေါင်း (၁၁၀)ဦး အောင်မြင်ခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မြို့နယ် (ပြန်/ဆက်)