ညောင်လေးပင်မြို့၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်းများ ထုတ်ပြန်ကြေညာ

ညောင်လေးပင် ဇူလိုင် ၂၉

၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်းများကို ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့အတွင်းရှိ အ.ထ.က(၁)ညောင်လေးပင်နှင့် မြို့နယ်ပညာရေးမှူးရုံးတို့တွင် ဇူလိုင်လ(၂၇)ရက်နေ့ နံနက်(၆)နာရီအချိန်က ထုတ်ပြန်ကြေညာရာ ဝင်ရောက်ဖြေဆိုခဲ့သော ကျောင်းသား၊ ကျောင်းသူဦးရေ စုစုပေါင်း (၁၀၄၀)ဦးတွင် (၆၀၄)ဦးအောင်မြင်ခဲ့ကြောင်း သိရသည်။

ညောင်လေးပင်မြို့၌ တက္ကသိုလ်ဝင်စာမေးပွဲကို အ.ထ.က(၁)ညောင်လေးပင်နှင့် အ.ထ.က(၂) ပြွန်တန်ဆာစာစစ်ဌာန (၂) ခုတို့တွင် ဝင်ရောက်ဖြေဆိုခဲ့သော တက္ကသိုလ်ဝင်တန်းကျောင်းသား၊ ကျောင်းသူများ၏ အောင်စာရင်းများအား အ-ထ-က (၁) ညောင်လေးပင်နှင့် မြို့နယ်ပညာရေးမှူးရုံးတို့တွင် ကြော်ငြာသင်ပုန်းများဖြင့် ထုတ်ပြန်ကြေညာခဲ့၍ ဖြေဆိုသူ (၁၀၄၀) ဦးတွင် အောင်ချက်ရာခိုင်နှုန်း (၅၈)ဒသမ (၀၈)ရာခိုင်နှုန်းဖြင့် စုစုပေါင်း (၆၀၄) ဦးအောင်မြင်ခဲ့ပြီး တစ်ဘာသာဂုဏ်ထူးရှင် (၅၄)ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် (၄၄)ဦး၊ သုံးဘာသာဂုဏ်ထူးရှင် (၂၈)ဦး၊ လေးဘာသာဂုဏ်ထူးရှင်(၂၆)ဦး၊ ငါးဘာသာဂုဏ်ထူးရှင်(၂)ဦးနှင့် ရိုးရိုးအောင် (၄၅၀) ဦးတို့ဖြင့် ထူးချွန်စွာအောင်မြင်ခဲ့ကြကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မြို့နယ် (ပြန်/ဆက်)