ပန်းတောင်းမြို့နယ်၌ ငှက်ဖျားရောဂါကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာလတ်သူသူကျော်နှင့်ဝန်ထမ်းများက ငှက်ဖျားပိုးတွေ့ရှိမှုရှိနေသောကျေးရွာများသို့ကွင်းဆင်း၍ ငှက်ဖျားရောဂါကာကွယ်နှိမ်နင်းရေးလုပ်ငန်းများကိုလုပ်ဆောင်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ရေကျော်ကျေးရွာအုပ်စု၊ ရောင်ကြီးကျေးရွာနှင့် လယ်တီကျေးရွာများသို့ကွင်းဆင်း၍ ဆောင်ရွက်ခဲ့သည်။