ရေတာရှည် ဩဂုတ် ၂၇
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ မြို့လှတိုက်နယ်ဆေးရုံတွင် ကျန်းမာရေးဝန်ကြီးဌာနနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏ဦးဆောင်မှုဖြင့် တောင်ငူပြည်သူ့ဆေးရုံကြီးမှအထူးကုဆရာဝန်ကြီးများနှင့် ကျန်းမာရေးဝန်ထမ်းများက ယမန်နေ့နံနက်ပိုင်းက ရဟန်းရှင်လူပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုများ ကွင်းဆင်းကုသပေးခဲ့ကြသည်။
ထို့နောက် ကုသရေးဦးစီးဌာန၏ မူဝါဒနှင့်ရည်မှန်းချက်များဖြစ်သော ကျန်းမာရေးစောင့်ရှောက်မှုအခြေအနေ လွှမ်းခြုံမှုတိုးတက်ရေး၊ ပြည်သူ့ဆေးရုံများ၏ ကုသမှုအရည်သွေးမြင့်မားရေးနှင့်အညီ တောင်ငူခရိုင်ပြည်သူ့ဆေးရုံကြီးမှ အထွေထွေရောဂါ၊ ကလေး၊ ခွဲစိတ်၊ သားဖွား/မီးယပ်၊ မျက်စိ၊ သွားနှင့်ခံတွင်း၊ ကိုယ်အင်္ဂါပြန်လည်သန်စွမ်းရေး၊ အရေပြား၊ ဓါတ်မှန်၊ ဓါတ်ခွဲ၊ အရိုး၊ စိတ်ကျန်းမာရေးနှင့် နား၊ နှားခေါင်း၊ လည်ချောင်းရောဂါ စသည့်ဘာသာရပ်(၁၃)ခုတို့မှ အထူးကုဆရာဝန်ကြီးများနှင့် ရေတာရှည်မြို့နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့မှဝန်ထမ်းများက ကွင်းဆင်းဆေးကုသမှုဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
အဆိုပါ ကွင်းဆင်းဆေးကုသမှုဆောင်ရွက်ရာတွင် ပဲခူးတိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးဒေါက်တာဇော်မင်းထွန်း၊ ကုသရေးဦးစီးဌာနမှဒုတိယညွှန်ကြားရေးမှူး ဒေါက်တာလေးဖြူပြာအောင်၊ တောင်ငူမြို့ပြည်သူ့ဆေးရုံကြီးမှခေတ္တဆေးရုံအုပ်ကြီး ဒေါက်တာစောသူရကြာဖေ၊ ရေတာ ရှည်မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ရေတာရှည်မြို့နယ်ကုသရေးဦးစီးဌာနမှူးတို့က လိုက်လံကြည့်ရှုအားပေးခဲ့ကြကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောက်ရွက်ပေးခဲ့ကြသည်။
မြို့လှမြို့အနီးဝန်းကျင်တွင်ရှိသော ရပ်ကွက်၊ ကျေးရွာများမှရဟန်းရှင်လူပြည်သူ စုစုပေါင်း(၅၅၂)ဦးတို့အား ဆေးကုသမှုများပြုလုပ်ပေးခဲ့ကြကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)