ပေါက်ခေါင်း ဩဂုတ် ၂၇
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ပူးပေါင်းကျင်းပသော "ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေး" ဆိုင်ရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန "Community Centre" ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ချစ်နှင်းသုန်က "ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေး"ဆိုင်ရာအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ရခြင်း၏ရည်ရွယ်ချက်များနှင့် ဆိုရှယ်မီဒီယာများမှတစ်ဆင့်နည်းလမ်းအမျိုးမျိုးဖြင့် အွန်လိုင်းဆက်သွယ်ရေးလိမ်လည်မှုများအကြောင်းကိုဆွေးနွေးဟောပြောခဲ့ပြီး "ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေး" ဗီဒီယို(၂)ခုအား ကျောင်းသား၊ ကျောင်းသူများ ဗဟုသုတရရှိစေရန် ပရိုဂျက် တာဖြင့် ပြသခဲ့ကြောင်းသိရသည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့၊ အ.ထ.က(ပေါက်ခေါင်း)ကျောင်းမှ ကျောင်း သား၊ ကျောင်းသူများနှင့်ဆရာ၊ ဆရာမများ စုစုပေါင်း(၆၀)ဦးခန့်တက်ရောက်ခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နံရံကပ်စာစောင်များနှင့် သုတ/ရသစာအုပ်စာစောင်များကိုပြသခဲ့ပြီး မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြကြောင်း သိရသည်။
ဖုန်းကျော်ဇင်(ပြန်/ဆက်)