ရွှေတောင် သြဂုတ် ၂၇
ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် အ.ထ.က(ခွဲ) သရက်တောကျောင်းတွင် ရွှေတောင်မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှကျင်းပပြုလုပ်သည့် ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းကကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဟံဝင်းအောင်မှအဖွင့်အမှာစကားပြောကြားပြီး မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌဒေါ်နန်းမြအေးက ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပြီး ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာအသိပညာပေး ဗီဒီယို(၂)ခုအားပြသခဲ့သည်။
ဆက်လက်၍ မြို့နယ်ဥပဒေအရာရှိဦးဇာနည်ထက်က ဆက်သွယ်ရေးလိမ်လည်မှုနှင့်ပတ်သက်၍ တည်ဆဲဥပဒေများ၊ ဆက်သွယ်ရေးဥပဒေအကြောင်းအရာများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်အောင်မှ ပြစ်မှုဖြစ်စဥ်များပတ်သက်၍ ချပြရှင်းပြောကြားခဲ့ပြီး တက်ရောက်လာသည့်ကျောင်းသား၊ ကျောင်းသူလေးများက သိရှိလိုသည်များကိုပြန်လည်မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့ကြောင်းသိရသည်။
ကိုကိုမင်း(ပြန်/ဆက်)