ပန်းတောင်း သြဂုတ် ၂၈
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာလတ်သူသူကျော်နှင့်ဝန်ထမ်းများက ငှက်ဖျားပိုးတွေ့ရှိမှုရှိနေသောကျေးရွာများသို့ကွင်းဆင်း၍ ငှက်ဖျားရောဂါကာကွယ်နှိမ်နင်းရေးလုပ်ငန်းများကိုလုပ်ဆောင်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ရေကျော်ကျေးရွာအုပ်စု၊ ရောင်ကြီးကျေးရွာနှင့် လယ်တီကျေးရွာများသို့ကွင်းဆင်း၍ ဆောင်ရွက်ခဲ့သည်။
ထို့သို့ ငှက်ဖျားရောဂါကာကွယ်နှိမ်နင်းရေးလုပ်ငန်းများကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာလတ်သူသူကျော်မှ ငှက် ဖျားရောဂါဖြစ်ပွားစေနိုင်သောအကြောင်းအရင်းများ၊ ရောဂါသွင်ပြင်နှင့်လက္ခဏာများအကြောင်း အသိပညာပေးဟောပြောခဲ့ပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဝန် ထမ်းများကငှက်ဖျားရောဂါရှာဖွေခြင်း၊ ကျန်းမာရေးပညာပေးခြင်း၊ သွေးဖောက်စစ်ဆေးခြင်း၊ ပိုးတွေ့လူနာများအားဆေးကုသပေးခြင်းလုပ်ငန်းများကို ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့်ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
လပြည့်လင်း(ပြန်/ဆက်)