နတ်တလင်းမြို့နယ်၌ ကျေးလက်လမ်းလုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်‌မှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

နတ်တလင်း ဩဂုတ် ၂၇

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာ‌နှစ်၊ တိုင်းဒေသကြီး (ငွေလုံး ငွေရင်း)ရန်ပုံငွေဖြင့်ဆောင်ရွက်လျက်ရှိသည့် ကျေးလက်လမ်းလုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်‌နေမှုကို ယမန်နေ့နံနက်ပိုင်းတွင် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

ထိုသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန သာယာဝတီခရိုင်မှ လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဦးသန်းမြတ်စိုး၊ နတ်တလင်းမြို့နယ်မှ အငယ်တန်းအင်ဂျင်နီယာ-၁(မြို့ပြ) ဦးရန်အောင်တို့မှ ရွှေရတီအောင်ကုမ္ပဏီကဆောင်ရွက်လျက်ရှိသည့် ကျွန်းကလေး-ဘွတ်တော-ရင်းတိုက်စမ်း-ညောင်ဝိုင်းလမ်း မြေနီကျောက်စရစ်ခင်းခြင်းလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်‌နေမှုများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့‌ပြီး လုပ်ငန်းများအချိန်မီပြီးစီးအောင်ဆောင်ရွက်ရေးနှင့် QC စစ်ဆေးခြင်းလုပ်ငန်းများကို စနစ်တကျစစ်ဆေးဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။

ဝေယံဖြိုး(ပြန်ဆက်)