ကြို့ပင်ကောက် ဩဂုတ် ၂၆
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့၊ အောင်ပင်သာကျေးရွာအုပ်စု၊ ကျွဲဘိကျေးရွာမှ တောင်သူဦးထွန်းမြင့်၏အောင်နိုင်တိုးမိုးစပါး လယ်ဧက ၁၀ တွင် စုပေါင်းမြေဩဇာကြဲပက်ပွဲကို ဩဂုတ်လ ၂၅ ရက်နေ့ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါဓါတ်မြေဩဇာကြဲပက်ပွဲတွင် ယူရီယားဓါတ်မြေဩဇာတစ်ဆ သဘာဝမြဩဇာသုံးဆ ရောစပ်၍ကြဲပက်ခဲ့ကြာင်း ယူရီယားမြေဩဇာတစ်ဆ သဘာဝမြေ ဩဇာသုံးဆ ပေါင်းစပ်အသုံးပြုခြင်းအားဖြင့် မြေဩဇာလေလွင့်ဆုံးရှုံးမှုသပ်သာစေပြီး အပင်မှကောင်းမွန်စွာစားသုံးနိုင်မည်ဖြစ်ကြာင်း တောင်သူများအနေဖြင့် ကုန်ကျစရိတ်သက်သာပြီး စပါးအထွက်နှုန်းတိုးတက်လာမည်ဖြစ်ကြောင်း မြေဩဇာစုပေါင်းကြဲပက်ခဲ့သောတောင်သူဦးထွန်းမြင့်သည် ယခင်ကအောင်နိုင်တိုးနွေစပါးစိုက်ပျိုးခဲ့ရာ တစ်ဧက ၁၁၅ တင်းထွက်ရှိကြောင်း ယခုမိုးစပါးအား အောင်နိုင်တိုးစပါးမျိုးကိုသာပြန်လည်စိုက်ပျိုးခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးမောင်မောင်ဌေးထံမှ သိရသည်။
အဆိုပါဓါတ်မြေဩဇာစုပေါင်းကြဲပက်ပွဲသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်ဇေယျနှင့် မြို့နယ်စိုက်ပျိုးရေးနှင့်မွေးမြူရေးကြီး ကြပ်မှကော်မတီအဖွဲ့ဝင်များ ဌာနဆိုင်ရာအကြီးအကဲများ တောင်သူများတက်ရောက်ခဲ့ကြကြောင်းသိရသည်။
ဇေယျာထွန်း(ကြို့ပင်ကောက်)