မင်းလှ ဩဂုတ် ၂၇
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အတူ အစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်းအဆင့်၊ ခရိုင်အဆင့်ဌာနဆိုင်ရာများသည် ယနေ့နံနက်ပိုင်းက သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ မိုးစပါးအောင်နိုင်တိုးစိုက်ခင်းတွင် ဓာတ်မြေဩဇာကြဲပတ်ခြင်းအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဝက်လှကြီးအုပ်စု၊ ညောင်နီကုန်းကျေးရွာအနီး ဦးပိုင်အမှတ် (၄၃)၊ ကွင်းအမှတ် (၁၁၀၄ E)၊ တောင်သူဦးတင်နိုင်ဦး၏ လယ်မြေ (၅)ဧက၌ အောင်နိုင်တိုးမျိုးစပါးစိုက်ခင်းအား တောင်သူများဓာတ်မြေဩဇာကြဲပတ်နေမှုကို ကြည့်ရှုအားပေးကာ တစ်ဧကပျမ်းမျှအထွက်နှုန်းတင်း (၁၀၀)ကျော် ထွက်ရှိနိုင်ရေး ဆောင်ရွက်ကြစေလိုကြောင်း၊ စိုက်ပျိုးနည်းစနစ်မှန်များဖြင့် စိုက်ပျိုးကြစေလိုကြောင်းနှင့် လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သရော(အမ်)ကျေးရွာအုပ်စု၊ သစ်တူးအိုင်ကျေးရွာတွင် ဦးသက်လွင်၏ ထန်းညီနောင် မျိုးစပါးထုတ်လုပ်ဖြန့်ချီရေးနှင့် မျိုးစေ့သန့်စင်ရေးစက်ရုံကို ကြည့်ရှုခဲ့ကြပြီး မျိုးစပါးမျိုးကောင်းမျိုးသန့်ရရှိရေး ဆောင်ရွက်သွားရန်နှင့် လိုအပ်သည်များကို လမ်းညွှန်မှားကြားခဲ့ကြောင်း သိရသည်။
ပေါက်စ (မင်းလှ)