ဒိုက်ဦးမြို့နယ်တွင် ဆက်သွယ်ရေးလိမ်လည်မှုဆိုင်ရာတိုက်ဖျက်ရေးအသိပညာပေး ဆောင်ရွက်

ဒိုက်ဦး ဩဂုတ် ၂၇

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးစိတ်(၃)၊ မြို့နယ်အမျိုး သမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်အသင်းနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍  ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေး အသိပညာပေးကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း အောင်ရတနာခန်းမတွင်ကျင်းပခဲ့ကြောင်းသိရသည်။

အဆိုပါအခမ်းအနားတွင် တရုတ်နိုင်ငံပြည်သူ့လုံခြုံ‌‌ရေးဝန်ကြီးဌာနနှင့် ကမ္ဘောဒီးယားနိုင်ငံပြည်ထဲ‌ရေးဝန်ကြီးဌာနတို့မှပေးပို့လာသော ဆက်သွယ်ရေးလိမ်လည်မှုဆိုင်ရာသိကောင်းစရာ (Video Clip)များအား Project ဖြင့် ပြသဆောင်ရွက်ပေးသည်။

ဆက်လက်၍ မြို့နယ်လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးစိတ်(၃)မှ ရဲအုပ်အောင်လှိုင်ထွန်းက ကျောင်းသား/သူများအား လူကုန်ကူးမှုဆိုင်ရာသိကောင်းစရာများကို ဟောပြောဆောင်ရွက်ခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များကို ကျောင်းသား/သူများ၏လက်ဝယ်အရောက် ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)