ပဲခူးတိုင်းဒေသကြီး

ဒိုက်ဦးမြို့၌ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း ဖွင့်ပွဲကျင်းပ

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း ဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာ ၉ ရက် နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ကဝမြို့နယ် အ.ထ.က(မကျက်ကြီး)ကျောင်း၌ စာသင်ကျောင်းအခြေပြု မီးဘေးလုံခြုံရေးအသိပညာပေးဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြမီးငြိမ်းသတ်ခြင်းအခမ်းအနား ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်မီးသတ်ဦးစီးဌာနမှ စာသင်ကျောင်းအခြေပြု မီးဘေးလုံခြုံရေးအသိပညာပေးဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြမီးငြိမ်းသတ်ခြင်းအခမ်းအနားကို ယမန်နေ့နံနက်(၁၀)နာရီက အ.ထ.က(မကျက်ကြီး)ကျောင်း၌ ကျင်းပခဲ့သည်။

ပေါင်းတည်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းသားအားကစားပွဲတော်မြို့နယ်အဆင့် ရွေးချယ်ပွဲကျင်းပ

၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ကျောင်းသားအားကစားပွဲတော်တွင် ပါဝင်ယှဉ်ပြိုင် ဆင်နွှဲနိုင်ရေးအတွက် ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်အနေဖြင့် မြို့နယ်အဆင့်အားကစားသမားရွေးချယ်ပွဲကို စက်တင်ဘာ ၉ ရက်နေ့ နံနက်ပိုင်းက မြို့နယ်အားကစားခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဝေါမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် လူငယ်စကားဝိုင်းကို ဩဂုတ် ၉ ရက် မွန်းလွဲပိုင်းက အခြေခံပညာအထက်တန်းကျောင်း (ဖိုးဦးစိန်)၌ ကျင်းပခဲ့သည်။

မိုးညိုမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း ကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့၊ ရွှေပြည်သာရပ်ကွက်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းရှိ သောကြာဆွမ်းလောင်းဓမ္မာရုံတွင် ယမန်နေ့ မွန်းလွဲပိုင်းက မဲဆန္ဒရှင်များအား မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ပေါက်ခေါင်းမြို့နယ် အ.ထ.က(ပေါက်ခေါင်း)ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်ဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးလုပ်ငန်းများအား အ.ထ.က(ပေါက်ခေါင်း)ကျောင်း၌ ယနေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပေါင်းတည်မြို့နယ် လူထုအ‌ခြေပြုဗဟိုဌာန (Community Centre) ၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအ‌ခြေပြုဗဟိုဌာန (Community Centre) တွင် ယမန်နေ့ နံနက် ၁ဝ နာရီက စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပပြုလုပ်သည်။

ဇီးကုန်းမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယမန်နေ့ နံနက် ၁၀ နာရီက အ.ထ.က (ဂွေးပင်ကုန်) ကျောင်း၌ ကျင်းပခဲ့သည်။

ပေါက်ခေါင်းမြို့နယ် အ.ထ.က (ကြို့ပင်ကန်) ကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များ ဗလငါးတန်နှင့် ပြည့်စုံရေး၊ လူအများရှေ့တွင် ပြောဆိုရဲသည့် သတ္တိရှိစေရန်နှင့် လူငယ်အချင်းချင်း အသိပညာဗဟုသုတများ ဖလှယ်တတ်စေရန်အတွက် လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၉ နာရီက အ.ထ.က(ကြို့ပင်ကန်)ကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည်။

လက်ပံတန်းမြို့၌ ခရိုင်အထူးကုဆရာဝန်ကြီးများက ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း ကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး လက်ပံတန်းမြို့နယ်တွင် သာယာဝတီခရိုင်ကျန်းမာရေးဦးစီးဌာန ကွင်းဆင်းကုသရေးအဖွဲ့မှ အထူးကုဆရာဝန်ကြီးများက အခမဲ့ကျန်းမာရေးစောင့်ရှောက်မှု ကွင်းဆင်းကုသခြင်းကို လက်ပံတန်းမြို့နယ် ပြည်သူ့ဆေးရုံ၌ စက်တင်ဘာ ၈ ရက်နေ့နံနက် ၁၀ နာရီက ဆောင်ရွက်ခဲ့သည်။
Subscribe to ပဲခူးတိုင်းဒေသကြီး