ဇီးကုန်းမြို့နယ်၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲခြင်း၊ နံရံကပ်စာစောင်ပြသခြင်းများ ကွင်းဆင်းဆောင်ရွက်
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားလာစေရန် ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲခြင်း၊ နံရံကပ်စာစောင်ပြသခြင်းများကို စက်တင်ဘာလ ၈ ရက်နေ့ မွန်လွဲပိုင်းက အ.လ.က(ခွဲ) ဝက်ကော်ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။