ပေါင်းတည်မြို့နယ် လူထုအ‌ခြေပြုဗဟိုဌာန (Community Centre) ၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပ

ပေါင်းတည် စက်တင်ဘာ ၁၁

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအ‌ခြေပြုဗဟိုဌာန (Community Centre) တွင် ယမန်နေ့ နံနက် ၁ဝ နာရီက စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပပြုလုပ်သည်။

ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်အေးဆုစံက စာပေကျေးဇူးနှင့် လူငယ်နှင့်စာပေအကြောင်းကို ဟောပြောသည်။

ယင်းနောက် မူလတန်းဆင့် ကျောင်းသား၊ ကျောင်းသူများက စာဖတ်စွမ်းရည်ပြိုင်ပွဲကို ယှဉ်ပြိုင်ကြသည်။

ထို့နောက် စာဖတ်စွမ်းရည်ပြိုင်ပွဲ၌ ဆုရရှိသူများအား ဆုချီးမြှင့်ပေးအပ်ခဲ့ကြပြီး ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများအားလုံးအား ဗလာစာအုပ်နှင့် ဘောလ်ပင်လက်ဆောင်ပစ္စည်းများ အသီးသီးပေးအပ်ခဲ့ကြသည်။

ယင်းနောက် ပြိုင်ပွဲအခမ်းအနားသို့ တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများက ခန်းမအတွင်းပြသထားသော စာအုပ်ပြပွဲနှင့် မူးယစ်ဆေးဝါးအန္တရာယ်၊ လူကုန်ကူးမှုအန္တရာယ်ကြိုတင်ကာကွယ်ရေး နံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

ရွှေသား