မိုးညို စက်တင်ဘာ ၁၁
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့၊ ရွှေပြည်သာရပ်ကွက်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းရှိ သောကြာဆွမ်းလောင်းဓမ္မာရုံတွင် ယမန်နေ့ မွန်းလွဲပိုင်းက မဲဆန္ဒရှင်များအား မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဦးစီးအရာရှိ ဒေါ်ယုယုနိုင်က မြန်မာအီလက်ထရောနစ်မဲပေးစက်နှင့် ပတ်သက်၍ မဲပေးစက်၊ ပုံနှိပ်ဖော်ပြစက်နှင့် ထိန်းချုပ်စက်(၃)မျိုးပါဝင်ကြောင်းနှင့် အသုံးပြုပုံနည်းလမ်းများအား ရှင်းလင်းပြောကြားပြီး တက်ရောက်လာသူများမှ အဆိုပါစက်များအား အသုံးပြု၍ လက်တွေ့စမ်းသပ်မဲပေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါမြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဦးစီးအရာရှိ ဒေါ်ယုယုနိုင်နှင့် ဝန်ထမ်းများ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဒေါ်ဝင်းဝင်းမော်နှင့် အဖွဲ့ဝင်များ၊ ရွှေပြည်သာရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစိုးခိုင်နှင့် ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ၊ ရပ်ကွက်နေ မဲဆန္ဒရှင်ပြည်သူများ၊ စုစုပေါင်း(၁၅၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ကိုမင်း (ပြန်/ဆက်)