ဒိုက်ဦးမြို့၌ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း ဖွင့်ပွဲကျင်းပ

ဒိုက်ဦး စက်တင်ဘာ ၁၁

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း ဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာ ၉ ရက် နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

သင်တန်းဖွင့်ပွဲတွင် ပဲခူးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်နှင်းနှင်းယုက ကျေးရွာနေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန်၊ သင်တန်းမှ သင်ကြားပေးသော အတတ်ပညာများဖြင့် မိသားစုတစ်ပိုင်တစ်နိုင်လုပ်ငန်းငယ်များမှ လုပ်ငန်းရှင်ဖြစ်နိုင်ပါကြောင်း သင်တန်းဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

သင်တန်းတွင် အဝတ်လျှော်၊ ပန်းကန်ဆေး၊ လက်ဆေးဆပ်ပြာဆီများ၊ လျှော်မွေးနှင့် မျက်နှာသစ်ဆပ်ပြာပြုလုပ်နည်းကို စာတွေ့၊ လက်တွေ့ဖြင့် ငါးရက်ကြာအခမဲ့သင်ကြားပေးခဲ့ပြီး သင်တန်းသား ၁၅ ဦး တက်ရောက်သင်ကြားခဲ့ရာ အဆိုပါသင်တန်းဖွင့်ပွဲသို့ ဒိုက်ဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး‌ ဒေါ်ဆွေသက်​အောင်၊ စားသုံးသူ​ရေးရာဦးစီးဌာန​မှ မြို့နယ်ဦးစီးမှူး ဦး‌ကျော်သက်မိုးတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)