လက်ပံတန်းမြို့၌ ခရိုင်အထူးကုဆရာဝန်ကြီးများက ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း ကွင်းဆင်းဆောင်ရွက်

လက်ပံတန်း စက်တင်ဘာ ၁၀

ပဲခူးတိုင်းဒေသကြီး လက်ပံတန်းမြို့နယ်တွင် သာယာဝတီခရိုင်ကျန်းမာရေးဦးစီးဌာန ကွင်းဆင်းကုသရေးအဖွဲ့မှ အထူးကုဆရာဝန်ကြီးများက အခမဲ့ကျန်းမာရေးစောင့်ရှောက်မှု ကွင်းဆင်းကုသခြင်းကို လက်ပံတန်းမြို့နယ် ပြည်သူ့ဆေးရုံ၌ စက်တင်ဘာ ၈ ရက်နေ့နံနက် ၁၀ နာရီက ဆောင်ရွက်ခဲ့သည်။

သာယာဝတီခရိုင် ဆေးရုံအုပ် ဒေါက်တာစုလှိုင်ထွေးဦးဆောင်သော အထူးကုဆရာဝန်ကြီးများ၊ လက်ပံတန်းမြို့နယ်ဆရာဝန်ကြီး ဒေါက်တာတင်ဇော်ဝင်းနှင့် ကျန်းမာရေးဝန်ထမ်းများက အထွေထွေရောဂါလူနာ ၈၈ ဦး၊ သာဖွားမီးယပ်လူနာ ၁၄ ဦး၊ ကလေးလူနာ ၇ ဦး၊ သွားနှင့်ခံတွင်းလူနာ ၄ ဦး၊ ခွဲစိတ်လူနာ ၁၅ ဦး၊ အရိုးရောဂါလူနာ ၇၀ ဦး၊ ဓာတ်မှန်လူနာ ၅၀ ဦးနှင့် မျက်စိလူနာ ၁ ဦး စုစုပေါင်း ၂၄၈ ဦးတို့အား လိုအပ်သောဆေးဝါးကုသမှုနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြသည်။

အဆိုပါဆောင်ရွက်နေမှုကို သာယာဝတီခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ထွေးနှင့် အဖွဲ့ဝင်များ၊ လက်ပံတန်းမြို့နယ်၊ စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေမင်းအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်လွင်မာစိုးနှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များက ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)