ပေါင်းတည်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းသားအားကစားပွဲတော်မြို့နယ်အဆင့် ရွေးချယ်ပွဲကျင်းပ

ပေါင်းတည် စက်တင်ဘာ ၁၁

၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ကျောင်းသားအားကစားပွဲတော်တွင် ပါဝင်ယှဉ်ပြိုင် ဆင်နွှဲနိုင်ရေးအတွက် ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်အနေဖြင့် မြို့နယ်အဆင့်အားကစားသမားရွေးချယ်ပွဲကို စက်တင်ဘာ ၉ ရက်နေ့ နံနက်ပိုင်းက မြို့နယ်အားကစားခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါကျောင်းသားအားကစားသမားများ စေလွှတ်ယှဉ်ပြိုင်နိုင်ရေးအတွက် မြို့နယ်အားကစားကော်မတီနှင့် အခြေခံပညာကျောင်းအားကစားကော်မတီတို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး ယနေ့တွင် ပိုက်ကျော်ခြင်း အားကစားသမား ကျား ၃ ဦး၊ မ ၃ ဦး၊ ကြက်တောင်အားကစားသမား ကျား ၃ ဦး၊ မ ၃ ဦးနှင့် ဘက်စကက်ဘော အားကစားသမား ကျား ၆ ဦးနှင့် စာပွဲတင်တင်းနစ်အားကစားသမား ၃ ဦးတို့အား စိစစ်ရွေးချယ်ပေးနိုင်‌ခဲ့ကြောင်း သိရသည်။

ရွှေသား