ပဲခူးတိုင်းဒေသကြီး

မိုးညိုမြို့နယ်၊ အိုးဘိုကျွန်းကျေးရွာအုပ်စုသို့ ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လိုက်လံနှိုးဆော်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ အိုးဘိုကျွန်းကျေးရွာအုပ်စုအတွင်း  ဧရာဝတီမြစ်ရေမြင့်တက်လာပါက ရေဝင်ရောက်နိုင်သည့် ကျေးရွာများသို့ ရေဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးလိုက်လံနှိုးဆော်ခြင်းကို ယမန်နေ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဇီးကုန်းမြို့နယ်တွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများထုတ်ပြန်ကြေညာ

၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်းများကို ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်ရှိ စာစစ်ဌာနများနှင့် မြို့နယ်ပညာရေးမှူးရုံးတို့တွင် ယနေ့နံနက်ပိုင်းက ထုတ်ပြန်ကြေညာရာ ဝင်ရောက်ဖြေဆိုခဲ့သော ကျောင်းသား၊ ကျောင်းသူ ၅၇၉ ဦးတွင် ၁၆၀ ဦး အောင်မြင်ခဲ့ကြောင်း သိရသည်။

သာယာဝတီမြို့နယ်၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများထုတ်ပြန်ကြေညာ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို မြို့နယ်အတွင်းရှိ စာစစ်ဌာန (၂)ခုတွင် ယနေ့နံနက်ပိုင်းက ထုတ်ပြန်ကြေညာခဲ့ရာ တက္ကသိုလ်ဝင်တန်းစာမေးပွဲဝင်ရောက်ဖြေဆိုခဲ့သည့် ကျောင်းသား၊ ကျောင်းသူ (၈၆၆ ) ဦးတွင် (၃၀၀) ဦးအောင်မြင်ခဲ့ကြောင်း သိရသည်။ 

သာယာဝတီမြို့နယ်တွင် လေဘေးသင့်အိမ်ထောင်စုများအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေနှင့် ပစ္စည်းများပေးအပ်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ် စည်ပင်ကျေးရွာအုပ်စု၊ သိုက်တောကျေးရွာနှင့် ဖားအင်းကျေးရွာတို့တွင် ဖြစ်ပွားခဲ့သော လေဘေးသင့် အိမ်ထောင်စုများအတွက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ အိမ်ဆောက်ပစ္စည်းဖိုးငွေနှင့် ပစ္စည်းများပေးအပ်ခြင်းကို ဇူလိုင် ၂၅ ရက်နေ့နံနက် ၁၀ နာရီက အဆိုပါ ကျေးရွာ၌ ပြုလုပ်ခဲ့သည်။

တောင်ငူမြို့၊ ကေတုမတီဘိုးဘွားရိပ်သာ၌ (၃၁) ကြိမ်မြောက် ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ ကေတုမတီဘိုးဘွားရိပ်သာ၏ (၃၁) ကြိမ်မြောက် ဝါဆိုသင်္ကန်း ကပ်လှူပူဇော်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကေတုမတီဘိုးဘွားရိပ်သာမင်္ဂလာခန်းမ၌ ကျင်းပခဲ့သည်။

လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သောင်းထိုက်၊ ညောင်ခါးရှည် အမြဲတမ်းစစ်ဆေးရေးစခန်းအား ကြည့်ရှုစစ်ဆေး

ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၊ ညောင်ခါးရှည်အမြဲတမ်းစစ်ဆေးရေးစခန်း၌ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သောင်းထိုက်သည် ဇူလိုင်လ၂၅ ရက်နေ့ မွန်းလွဲ ၄ နာရီက မြဝတီ-ရန်ကုန် ကုန်သွယ်မှုလမ်းကြောင်း၌ တရားမဝင်ကုန်သွယ်မှုများ ထိရောက်စွာ တားဆီးထိန်းချုပ်နိုင်ရန်အတွက် ညောင်ခါးရှည် အမြဲတမ်းစစ်ဆေးရေးစခန်းမှ တရားမဝင်ကုန်ပစ္စည်းများ သိမ်းဆည်းရမိထားသည့် ကုန်ပစ္စည်းများအား ကြည့်ရှုစစ်ဆေးသည်။

ပေါင်းတည်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်/ကျေး အုပ်ချုပ်ရေးအဖွဲ့များ လုပ်ငန်းညှိနှိုင်းအဝေးကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ဇူလိုင်လ ၂၅  ရက်နံနက် ၁၀ နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာအကြီးအကဲများ ၊ရပ်/ကျေးအုပ်ချုပ်ရေးအဖွဲ့များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ပဲခူးမြို့ အထွေထွေရောဂါကုဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများ ဝေါမြို့နယ်အတွင်း ကျန်းမာရေးစောင့်ရှောက်မှု ကွင်းဆင်းဆောင်ရွက်ပေး

ကျန်းမာရေးဝန်ကြီးဌာနနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ပဲခူးမြို့ခုတင် (၅၀၀)ဆံ့ အထွေထွေရောဂါကုဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများနှင့် ကျန်းမာရေးဝန်ထမ်းများသည် ယနေ့နံနက်ပိုင်းက ဝေါမြို့နယ်၊ မြစ်ကျိုးတိုက်နယ်ဆေးရုံသို့ သွားရောက်၍ ရဟန်း၊ ရှင်၊ လူပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု ကွင်းဆင်းဆောင်ရွက်ပေးကြသည်။

ဝေါမြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်လျက်ရှိသည့် ဝေါမြို့နယ်၊ ဧကရာဇ်ကျေးရွာ၌ ဧကရာဇ်စိုက်ပျိုးရေးနှင့် အထွေထွေသမဝါယမအသင်းလီမိတက်မှ အသင်းသား(၁၁)ဦး ပိုင်ဆိုင်သော လယ်မြေ(၅၀)ဧကအတွင်း စိုက်ပျိုးထားသည့် အောင်နိုင်တိုးမျိုးစပါး စိုက်ခင်းများအား ဇူလိုင်လ ၂၄ ရက်နေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး၊ သမဝါယမဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဒေါ်ချောစုလှိုင်၊ မြို့နယ်ဦးစီးအရာရှိ ဦးအေးလွင်နှင့် တာဝန်ရှိသူများက စိုက်ပျိုးထားရှိမှု အခြေအနေများတွင် ပန်းတိုင်းအထွက်နှုန်းပြည့်မီကျော်လွန်စေရေးနှင့် နည်းစနစ်မှန်ကန်စွာ စိုက်ပျိုးထားမှုများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

မိုးညိုမြို့နယ်၌ကမ်းပါးပြို၍ပြောင်းရွှေ့ခဲ့သည့်မိသားစုအား ပြောင်းရွှေ့စရိတ်ပေးအပ်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ အိုးဘိုကျွန်းကျေးရွာအုပ်စု၊ စိန်တိုင်ကျေးရွာတွင် ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် မြစ်ကမ်းပါးပြိုကျမှုဖြစ်ပွားသဖြင့် ကြိုတင်ပြောင်းရွှေ့ခဲ့ရသည့် နေအိမ်တစ်လုံးမှ မိသားစုအား ယမန်နေ့မွန်းလွဲပိုင်းအချိန်က ပြောင်းရွှေ့စရိတ်နှင့် ဆန်ရိက္ခာဖိုး သွားရောက်‌ပေးအပ်ခဲ့ကြောင်းသိရသည်။
Subscribe to ပဲခူးတိုင်းဒေသကြီး