ပဲခူးတိုင်းဒေသကြီး

​တောင်ငူမြို့ရှိ ရေဘေးရှောင်စခန်းမှပြည်သူများအား ဆန်၊ဆီ၊ ငါးခြောက် စားသောက်စရာများကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးလျက်ရှိ

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏စီစဥ်မှုဖြင့် တောင်ငူမြို့နယ်ရှိ ရေဘေးရှောင်စခန်း(၂၉)ခု၊ အိမ်ထောင်စု(၃၀၀၂)၊ လူဦးရေ(၁၁၉၄၂)ဦးအား တောင်ငူခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံကွပ်ကွဲမှုအဖွဲ့မှကြီးကြပ်၍ ကူညီထောက်ပံ့မှုများဆောင်ရွက်ပေးလျက်ရှိရာ ဇူလိုင်လ ၂၉ ရက်နေ့ညနေ ၅ နာရီအချိန်တွင် တောင်ငူမြို့ရှိ ရေဘေးရှောင်စခန်းမှပြည်သူများအား ဆန်၊ ဆီ၊ ငါးခြောက်စားသောက်စရာများ ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးခဲ့သည်။

ရွှေတောင်မြို့နယ်တွင် ခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံကိန်း အသိပညာပေးဟောပြောပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ မင်းတဲကျွန်းကျေးရွာအုပ်စု၊ မင်းတဲကျွန်း ဘုန်းတော်ကြီးကျောင်းတွင် ဇူလိုင်လ ၂၉ ရက်နေ့၊ နေ့လယ်ပိုင်းက ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ရွှေတောင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှကြီးမှူး၍ ခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံကိန်း အသိ ပညာပေးဟောပြောပွဲ ကျင်းပခဲ့သည်။

မိုးညိုမြို့နယ်၌ လေဘေးသင့်ပြည်သူများအား အိမ်ဆောက်ပစ္စည်းဖိုးငွေကို ကျေးရွာအရောက်သွားရောက်ပေးအပ်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ ညောင်လေးပင်ကျေးရွာအုပ်စု၊ ညောင်လေးပင်ကျေးရွာရှိ လေဘေးသင့်ပြည်သူများအား တာဝန်ရှိသူများက ဇူလိုင်လ ၂၉ ရက်နေ့ မွန်းလွဲပိုင်းအချိန်က အိမ်ဆောက်ပစ္စည်းဖိုးငွေကို ကျေးရွာအရောက်သွားရောက်‌ပေးအပ်ခဲ့ကြောင်းသိရသည်။

ပေါက်ခေါင်းမြို့နယ် ဝက်တိုးကျေးရွာ၊ အခြေခံပညာမူလတန်းလွန်ကျောင်း၌ ကျောင်းကျန်းမာရေးစစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် ကျောင်းကျန်းမာရေးရက်သတ္တပတ်လှုပ်ရှားမှုအနေအဖြစ် ကျောင်းကျန်းမာရေးအသိပညာပေးခြင်းနှင့် ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးစစ်ဆေးပေးခြင်းလုပ်ငန်းများကို ဝက်တိုးကျေးရွာ၊ အခြေခံပညာမူလတန်းလွန်ကျောင်း၌ ဇူလိုင်လ ၂၈ ရက်နေ့ နံနက်ပိုင်းကဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျောက်ကြီးမြို့နယ်၌ "ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေး" ဗီဒီယို(၂)ခုအား ကျောင်းသား၊ ကျောင်းသူများသို့အသိပညာပေး ပြသ

ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၌ ယမန်နေ့နံနက်ပိုင်းတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏စီမံညွှန်ကြားမှုအရ အခြေခံပညာအထက်တန်းကျောင်း၊ သပြေဆောင်ခန်းမ၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာရေးမှူးရုံးနှင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းတို့ပူးပေါင်းပြီး "ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေး" ဗီဒီယို(၂)ခုအား ကျောင်းသား၊ ကျောင်းသူများသို့ အသိပညာပေးပြသခဲ့ကြောင်းသိရသည်။

နတ်တလင်းမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်၌ ကျောင်းသား/လူငယ်များ နိုင်ငံ့အနာဂတ် လူစွမ်းအားအရင်းအမြစ် ပြုစုပျိုးထောင်မှုများ အရှိန်အဟုန်မြင့်မားလာစေရန် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်စေရန်၊ ကျောင်းသား၊ ကျောင်းသူများ စာအုပ်စာပေဖတ်ရှုနိုင်ရန်၊ စာပေလေ့လာဖတ်ရှုခြင်းမှ ရရှိလာသော အသိပညာဗဟုသုတများ ပြန်လည်မျှဝေနိုင်စေရန်နှင့် စာဖတ်သည့်အလေ့အထတွင် ပျော်မွေ့လာစေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပွဲကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

တိုင်းရင်းသားရေးရာအသိပညာပေးခြင်းနှင့်ရပ်ရွာအခြေပြုအသက်မွေးဝမ်းကြောင်းပညာ လိုအပ်ချက်တို့ကို လေ့လာဆန်းစစ်ခြင်း အခမ်းအနားကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးညွှန်ကြားရေးမှူးရုံးမှကြီးမှူးပြီး ဇူလိုင်လ(၂၉)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့နယ်၊ အင်းတကော်မြို့စစ်ကိုင်းကျောင်းတိုက်၌ တိုင်းရင်းသားရေးရာအသိပညာပေးခြင်းနှင့်ရပ်ရွာအခြေ ပြုအသက်မွေးဝမ်းကြောင်းပညာလိုအပ်ချက်တို့ကို လေ့လာဆန်းစစ်ခြင်း အခမ်းအနားကျင်းပပြုလုပ်ရာ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းအောင် တက်ရောက်ချီးမြှင့်ပေးခဲ့သည်။

တောင်ငူမြို့ ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများ ရေတာရှည်မြို့နယ်အတွင်း ကျန်းမာရေးစောင့်ရှောက်မှုများ ကွင်းဆင်းဆောင်ရွက်

ကျန်းမာရေးဝန်ကြီးဌာနနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် တောင်ငူမြို့အထွေထွေရောဂါကုဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများပါဝင်သော ကျန်းမာရေးဝန်ထမ်းများသည် ယမန်နေ့နံနက်ပိုင်းက တောင်ငူခရိုင် ရေတာရှည်မြို့နယ် ပြည်သူ့ဆေးရုံသို့သွားရောက်၍ ရဟန်းရှင်၊ လူ၊ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြသည်။

မဒေါက်မြို့၌ စစ်တောင်းမြစ်ရေမြင့်တက်လာမှုကြောင့် စာသင်ကျောင်း ၈ ကျောင်း ခေတ္တပိတ်ထားရ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်၊ မဒေါက်မြို့တွင် စစ်တောင်းမြစ်ရေမှာ စိုးရိမ်ရေအမှတ်ထက်ကျော်လွန်ပြီး မဒေါက်မြို့နှင့်အနီးကျေးရွာများ၌ မြစ်ရေကြီးမှုဖြစ်ပေါ်ကာ ဇူလိုင်လ (၂၆)ရက်နေ့ကစ၍ စာသင်ကျောင်းရှစ်ကျောင်း ခေတ္တပိတ်ထားရကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ပေါင်းတည်၌ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ယမန်နေ့နံနက် ၁၀ နာရီက လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း ဖွင့်ပွဲအခမ်းအနားကို ကြူတောကန်ကျေးရွာ အုပ်စု၊ နတ်ပုတီးကျေးရွာ၊ ဇီးတောကျောင်းတိုက်၊ ဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to ပဲခူးတိုင်းဒေသကြီး