ရေတာရှည် စက်တင်ဘာ ၁၃
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ လှေခွဲချောင်းသဘာဝရေပြင်အတွင်းသို့ ငါးမျိုးစိုက်ထည့်ခြင်းအခမ်းနားကို ယမန်နေ့နံနက်ပိုင်းက လှေခွဲချောင်းတံတားအနီး၌ ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားသို့ စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဥက္ကာသန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ငါးမျိုးစိုက်ထည့်ခြင်း ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များ၊ ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးဌာနမှူး ဦးမြင့်ဦးနှင့် ဝန်ထမ်းများ၊ သနပ်ပင်ငါးလုပ်ငန်းစခန်းတာဝန်ခံ ဦးအောင်မျိုးဦးနှင့် ဝန်ထမ်းများက လှေခွဲချောင်း သဘာဝရေပြင်အတွင်းသို့ နှစ်လက်မအရွယ် ငါးသားပေါက်ကောင်ရေ (၂၅၁၀၀၀) ကို ငါးမျိုးစိုက်ထည့်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်/ (ပြန်ဆက်)