မဲဆန္ဒရှင်များအား မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း ဆောင်ရွက်မည့် အခမ်းအနားကျင်းပ

ဒိုက်ဦး စက်တင်ဘာ ၁၃

မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း ဆောင်ရွက်မည့် အခမ်းအနားကို စက်တင်ဘာလ ၁၃ ရက်နေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ အမှတ် ၆ မင်းတဲရပ်ကွက်အ.လ.က (ခွဲ)ကျောင်း၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီမှအဖွဲ့ဝင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဒိုက်ဦးမြို့နယ် ဦးစီးမှူးရုံးမှဦးစီးမှူး ဦးစောထွန်းဖြူ မှ အဖွင့်အမှာစကားပြောကြားပြီးနောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးဝင်းနိုင်က ဆွေးနွေးပြောကြားသည်။

 ဆက်လက်၍ မင်းတဲရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမောင်သန်းမှ ဆွေးနွေးပြောကြားခဲ့သည်။

ယင်းနောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၊ ဒုတိယဦးစီးမှူး ဒေါ်ဟန်သင်းလှိုင်မှ မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM) မဲပေးစက် ဖွဲ့စည်းတည်ဆောက်ပုံ၊လက်တွေ့ စမ်းသပ်မဲပေးခြင်းလုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြပြီး မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) မဲပေးစက်ဖြင့် ကိုယ်တိုင်လက်တွေ့ မဲပေးကြသည်။ ထို့နောက်တက်ရောက်လာသူများမှ သိရှိလိုသည်များ မေးမြန်းတင်ပြကာအခမ်းအနား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)