ပေါက်ခေါင်း စက်တင်ဘာ ၁၃
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် ကျွဲပေါင်ပင်ကျေးရွာရှိ အခြေခံသမဝါယမ အသင်းသားတောင်သူများ၏ မိုးနှောင်းဝါသီးနှံစိုက်ပျိုးထားရှိမှုကို စက်တင်ဘာလ (၉) ရက်နေ့ နံနက်ပိုင်းက မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ မြို့နယ်သမဝါယမအသင်းစုမှ တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပေါက်ခေါင်းမြို့နယ်အတွင်း ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် သမဝါယမကဏ္ဍမှ နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် တစ်ဧကလျှင် ကျပ်နှစ်သိန်းနှင့်ညီမျှသော Raka-666(BT)မျိုးနှင့် သွင်းအားစုများကို ပံပိုးဆောင်ရွက်ပေးထားသည့် အခြေခံသမဝါယမအသင်း(၇)သင်း၊ အသင်းသားတောင်သူ (၂၈၁) ဦး၏ မိုးနှောင်းဝါသီးနှံဧက (၁၃၀၀)အနက် ကျွဲပေါင်ပင်ကျေးရွာရှိ အောင်သရဖူစိုက်ပျိုးရေးနှင့် အထွေထွေသမဝါယမအသင်းမှ အသင်းသားတောင်သူ (၂၆)ဦး၏ စိုက်ဧက (၁၃၀)၌ စိုက်ပျိုးထားရှိသော Raka-666(BT) မိုးနှောင်းဝါစိုက်ခင်းအား ကြည်ရှုစစ်ဆေးကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဖုန်းကျော်ဇင်(ပြန်/ဆက်)