ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း အခြေခံပညာကျောင်းများသို့ ကျောင်းသုံးဗလာစာအုပ် ဒါဇင်(၁၃၀၀) ချီးမြှင့်ပေးအပ်

ပဲခူး စက်တင်ဘာ ၁၄

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းက ပဲခူးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများသို့ ကျောင်းသုံးဗလာစာအုပ်များ သွားရောက်ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့၊ အင်းဝင်ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ပုဏ္ဍားစုရပ်ကွက်ရှိ၊ အခြေခံပညာအထက်တန်း ကျောင်း(ခွဲ)နှင့် ဇိုင်းဂနိုင်းတောင်ပိုင်းရပ်ကွက်ရှိ အခြေခံပညာအလယ်တန်းကျောင်း-ခွဲ(ဖောင်တော်ဦး)ကျောင်းများသို့ သွားရောက်၍ ကျောင်းသား/သူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနေမှုအား လိုက်လံကြည့်ရှုအားပေးခဲ့ပြီး ကျောင်းသုံးဗလာစာအုပ်များ ချီးမြှင့်ပေးအပ်ခဲ့ကာ ကျောင်းအုပ်ကြီးများ၊ ဆရာ/ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင် များနှင့် တွေ့ဆုံ၍ လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် စက်တင်ဘာ(၁၂)နေ့၊ မွန်းလွဲပိုင်းမှစ၍ ပဲခူးမြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်းခွဲ()ခု၊ အခြေခံပညာ အလယ်တန်းကျောင်းခွဲ()ခုနှင့် အခြေခံပညာမူလတန်းလွန်ကျောင်း()ခု၊ စုစုပေါင်း အခြေခံပညာစာသင်ကျောင်း (၁၀) ခုအတွက် ကျောင်းသုံးဗလာစာအုပ်ဒါဇင် (၁၃၀၀) အား အခမဲ့ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

သက်ဖြိုးကြိုင်