ပဲခူးတိုင်းဒေသကြီး

တောင်ငူမြို့နယ်နှင့် ထန်းတပင်မြို့နယ်သို့ဆက်သွယ်ထားသည့် ဒိုးသောင်တံတားအလယ်ဗဟိုရှိ ရေတိုင်တစ်တိုင် အောက်သို့နိမ့်ကျမှုဖြစ်ပွား

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်နှင့်ထန်းတပင်မြို့နယ်သို့ ဆက်သွယ်ထားသည့် ဒိုးသောင်တံတားမှာ ယမန်နေ့နံနက် ၉ နာရီအချိန်ခန့်တွင် တံတားအလယ်ဗဟိုရှိ ရေလယ်တိုင် တစ်တိုင်(၅)ပေ ခန့်နိမ့်ကျသွားကြောင်းသိရသည်။

မဒေါက်မြို့၌ စစ်တောင်းမြစ်ရေမြင့်တက်မှုကြောင့် ရေဘေးကယ်ဆယ်ရေးစခန်းသို့ ပြောင်းရွှေ့ခဲ့ရ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ် မဒေါက်မြို့၌ဇူလိုင်လ (၂၈)ရက်နံနက်ပိုင်းက စစ်တောင်းမြစ်ရေမြင့်တက်လာမှုကြောင့် မဒေါက်မြို့ မြို့မ(၁)ရပ်ကွက်အတွင်းရှိ ကျောင်းကြီးပိုင်း(၁၊၂) ဘုရားဖြူပိုင်း၊ မွန်စုပိုင်း၊ စျေးပိုင်း၊ ကျောင်းသစ်ပိုင်း၊ အင်းချောင်ပိုင်းနှင့်မြို့မ(၂)ရပ်ကွက်အတွင်းရှိ တာပိုင်း၊ ငွေသောင်ယံပိုင်း၊ နတ်စင်လမ်းစသည့်နေရာများသို့ ရေများဝင်ရောက်လျက်ရှိသည့်အတွက် မြို့မ(၁)ရပ်ကွက် အင်းချောင်ဘုန်းကြီးကျောင်းဟောင်းတွင်ဖွင့်လှစ်သည့် ရေဘေးကယ်ဆယ်ရေးစခန်းသို့ အိမ်ခြေ(၅၉)ခု၊ အိမ်ထောင်စု(၅၉)စု၊ လူဦးရေကျား(၈၈)ဦး၊ မ(၁၂၄)ဦး၊ စုစုပေါင်း (၂၁၂)ဦးအား ယာယီပြောင်းရွှေ့ထားပါကြောင်း သိရသည်။

ကျောက်ကြီးချောင်းရေမြင့်တက်လာမှုကြောင့် ရေဝင်ရောက်နေမှုအခြေအနေများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် သက်ဆိုင်ရာတာဝန်ရှိသူများလိုက်လံကြည့်ရှုစစ်ဆေး

ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၌ ဇူလိုင်လ ၂၈ ရက်နေ့ နံနက် ၉ နာရီအချိန်ခန့်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်သက်ဆိုင်ရာတာဝန်ရှိသူများ ကျောက်ကြီးချောင်းရေမြင့်တက်လာမှုကြောင့် ရေဝင်ရောက်နေမှုအခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။

မိုးအဆက်မပြတ်ရွာသွန်းပြီး စစ်တောင်းမြစ်ရေများ‌ ရေလျှံတက်လာသဖြင့် ထန်းတပင်မြို့နယ်အတွင်း စာသင်ကျောင်း ၁၄ ကျောင်း ယာယီပိတ်ထားရ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းမှုနှင့် စစ်တောင်းမြစ်ရေများ ရေလျှံတက်မှုကြောင့် စာသင်ကျောင်း(၁၄)ကျောင်း ယာယီပိတ်ထားရကြောင်း သိရသည်။

သဲကုန်းမြို့နယ်တွင် ဓာတ်မြေဩဇာ လက်လီလက်ကား ဖြန့်ဖြူးရောင်းချသည့်ဆိုင်များအား သတ်မှတ်ရည်ညွှန်းစျေးနှုန်းများဖြင့် ရောင်းချခြင်းရှိ/မရှိ စစ်ဆေး

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့၌ ဓာတ်မြေသြဇာ လက်လီ/လက်ကား ဖြန့်ဖြူးရောင်းချသည့်ဆိုင်များအား ဒေသအလိုက် သတ်မှတ်ရည်ညွှန်းစျေးနှုန်းများဖြင့် ရောင်းချခြင်းရှိ/မရှိကို မြို့နယ်ယူရီးယားဓာတ်မြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီမှ တာဝန်ရှိသူများက ယမန်နေ့နံနက်ပိုင်းတွင် ကွင်းဆင်းစစ်ဆေးခဲ့သည်။

ကဝမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ဆက်လက်ထုတ်ချေး

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၂၅ ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးခြင်းကို ယမန်နေ့နံနက် (၁၀)နာရီက ကဝမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ရုံးတွင် ဆောင်ရွက်ခဲ့သည်။

ပေါင်းတည်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းဟောင်းများအား UID ကတ်များ ကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည် မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းဟောင်းများအား လူဝန်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးက ယမန်နေ့နံနက် ၉ နာရီခွဲမှစ၍ UID ကတ်များ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။

ဒိုက်ဦးမြို့နယ်၌ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးခြင်း ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက် (၉)ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၅၃)အုပ်စုတို့၌ အလှည့်ကျ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒိုက်ဦးမြို့နယ် ဦးစီးမှူးရုံးမှ ဦးစီးမှူး ဦးစောထွန်းဖြူနှင့် ဝန်ထမ်းများသည် ပြည်သူများနှင့် ကျောင်းသား/ကျောင်းများအား ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးခြင်းနှင့် Smart Cardများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဒိုက်ဦးမြို့၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်းများ ထုတ်ပြန်ကြေညာ

၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်းများကို ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့အတွင်းရှိ အ.ထ.က(၁)၊ အ.ထ.က(၂)နှင့် မြို့နယ်ပညာရေးမှူးရုံးတို့တွင် ဇူလိုင် (၂၇)ရက် နံနက် (၆)နာရီအချိန်က ထုတ်ပြန်ကြေညာခဲ့ရာ ဝင်ရောက်ဖြေဆိုခဲ့သော ကျောင်းသား၊ ကျောင်းသူဦးရေ စုစုပေါင်း (၅၈၇)ဦးတွင် (၂၅၃)ဦး အောင်မြင်ခဲ့ကြောင်း သိရသည်။

ဒိုက်ဦးမြို့ အနန္တဂုဏ်ရည်ဆေးခန်း၌ လူနာများအား အခမဲ့ကုသပေး

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ အမှတ် ၆ မင်းတဲရပ်ကွက်ရှိပှု ပါမောက္ခဒေါက်တာသန်းလွင် (အသည်းအထူးကုပါရဂူ) ဆောက်လုပ်လှူဒါန်းသော ဒေါ်ခင်ချစ်ဓမ္မာရုံရှိ အနန္တဂုဏ်ရည်ဆေးခန်း၌ ဇူလိုင် ၂၆ ရက်နေ့ နံနက်ပိုင်းက အထွေထွေရောဂါဖြစ်ပွားသော ရဟန်းရှင်/လူ လူနာ(၁၅၀)ဦးကျော်အား အခမဲ့ကုသပေးခဲ့သည်။
Subscribe to ပဲခူးတိုင်းဒေသကြီး