ပဲခူးတိုင်းဒေသကြီး

ရွှေတောင်မြို့နယ်၌ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ကျေးရွာအုပ်စု(၃၀)အုပ်စုအတွက် ထုတ်ချေးပြီးစီး

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် တောင်သူများ စိုက်ပျိုးထုတ်လုပ်မှု အဆင်ပြေချောမွေ့စေရန်အတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၅ ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၄၇)အုပ်စုမှ ဘဏ်အဖွဲ့ဝင်တောင်သူများအား ထုတ်ချေးပေးလျက်ရှိရာ ရွှေတောင်မြို့နယ်အတွင်း ကျေးရွာအုပ်စု(၃၀)အုပ်စုမှ တောင်သူ(၁၄၂၄)ဦးတို့၏ မိုးစပါးစိုက်ဧက(၈၁၃၃)ဧကအတွက် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေကျပ် (၁၂၁၉၉၅၀၀၀၀/-)အား ထုတ်ချေးပြီးစီးပြီးဖြစ်ကြောင်း သိရသည်။

သဲကုန်းမြို့နယ် ပညာရေးမှူးရုံးတွင် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် ပညာရေးမှူးရုံးတွင် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းတွင် မြို့နယ်ပညာရေးမှူးရုံး အစည်းအဝေးခန်းမတွင်ကျင်းပရာ မြို့နယ်ပညာရေးမှူးဒေါ်မသန်းစိန်၊ ဒုတိယမြို့နယ်ပညာရေးမှူးများနှင့် သဲကုန်းမြို့နယ်အတွင်းရှိ အခြေခံပညာအထက် တန်းကျောင်းများ၊ အထက်တန်းကျောင်း(ခွဲ)များ၊ အလယ်တန်းကျောင်းများမှ ကျောင်းအုပ်ကြီးများနှင့် မူလတန်းကျောင်းတိုက်နယ်မှူး ကျောင်းအုပ်ဆရာ၊ ဆရာမများ  တက်ရောက်ကြသည်။

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်း သနပ်ပင်မြို့နယ်၊ ဖရဲကျေးရွာရှိ မိုးစပါးစိုက်တောင်သူများအား မျိုးစေ့ချကိရိယာ(Drum Seeder)နှင့်သွင်းအားစုများ ချီးမြှင့်ပေးအပ်

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ ဇူလိုင်လ(၂၈)ရက်နေ့၊ နံနက်ပိုင်းက သနပ်ပင်မြို့နယ်အ တွင်း စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများအရှိန်အဟုန်ဖြင့်ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ရေတာရှည်မြို့နယ်၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာအချက်အလက်များ စာရင်းကောက်ယူမှု သင်တန်းဖွင့်လှစ်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူများမှဦးဆောင်၍ သဘာဝဘေးအန္တရာယ်များပေါ်ပေါက်လာပါက သဘာဝဘေးအန္တရာယ်ဆိုင်ရာအချက်အလက်များ စာရင်းကောက်ယူမှုသင်တန်းကိုနေ့နံနက် ၉ နာရီအချိန်က မြို့တော်ခန်းမ၌ ပြုလုပ်ခဲ့သည်။

ပဲခူးတိုင်းဒေသကြီးအစိုးရဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စားမေးပွဲ အောင်ချက်မြင့်မားရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအစိုးရဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စားမေးပွဲ အောင်ချက်မြင့်မားရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ် ပညာရေးမှူးများနှင့် ကျင်းပပြုလုပ်ခဲ့သည်။

သာယာဝတီမြို့နယ်၌ ကောက်စိုက်စက်ဖြင့်မိုးစပါးစိုက်ပျိုးခြင်းသရုပ်ပြပွဲပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ်တွင် အမှတ်(၁၄) မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှ စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံ(သာယာဝတီ)၏ လယ်ယာမြေရှစ်ဧက၌ ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်းသရုပ်ပြပွဲကို ဇူလိုင်လ ၂၉ ရက်နေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

လက်ပံတန်း၌ တန်ဖိုးမြင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဆင်းပွဲ ကျင်းပ

 ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနကဖွင့်လှစ်သည့် အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းပါ ဒေသတစ်ခုထုတ်ကုန်တစ်ခုဆောင်ရွက်မည့်လုပ်ငန်းစီမံချက်ဖြင့်ဖွင့်လှစ်သည့် တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဆင်းပွဲကို ဇူလိုင်လ ၂၈ ရက်နေ့ မွန်းလွဲပိုင်းက ကွမ်းခြံကျေးရွာအုပ်စု၊ ကျေးနီရွာ၊ လင်းရောင်ခြည်စာကြည့် တိုက်တွင်ကျင်းပခဲ့သည်။

ဝေါမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်း၍ စစ်တောင်းမြစ်ရေမြင့်တက်လာမှုကြောင့် မြစ်ကမ်းဘေးရှိကျေးရွာများအတွင်း ရေများဝင်ရောက်

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်တွင် ဇူလိုင်လ ၂၉ ရက်နေ့ နံနက်ပိုင်း၌မိုးသည်းထန်စွာရွာသွန်း၍ စစ်တောင်းမြစ်ရေမြင့်တက်လာမှုကြောင့် မြစ်ကမ်းဘေးရှိကျေးရွာများဖြစ်သည့် သူရဲသူမိန်ကျေးရွာအုပ်စု၊ ဆင်ရွာကျေးရွာအုပ်စု၊ စက်စုကျေးရွာအုပ်စု၊ ဝိုင်းပါတ်ကျေးရွာအုပ်စု၊ ဒလနွမ်းကျေးရွာအုပ်စုနှင့်လက်ပံကျေးရွာအုပ်စုများအတွင်း ရေ(၄)ပေခန့်ဝင်ရောက်ကြောင်း သိရသည်။

ပန်းတောင်းမြို့နယ်တွင် ပြည်မြို့ ခုတင်(၅၀၀) အထွေထွေရောဂါကုဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများ နယ်လှည့်ကွင်းဆင်း(အခမဲ့)စမ်းသပ်ဆေးကုသပေးခြင်းများဆောင်ရွက်

ပြည်သူများ ကျန်းမာပျော်ရွှင်စွာနေထိုင်နိုင်ရေး၊ ဆေးကုသမှုစရိတ်လျော့နည်းကျဆင်းစေရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုစေရန်ရည်ရွယ်ကာ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် ပြည်မြို့ ခုတင်(၅၀၀) အထွေထွေရောဂါကုဆေးရုံကြီးမှ ဆေးရုံအုပ်ကြီးဒေါက်တာဝင်းမော်ဦးဦးဆောင်ကာ အထူးကုဆရာဝန်ကြီးများနှင့်ကျန်းမာရေးဝန်ထမ်းများက ဇူလိုင်လ ၂၈ ရက်နေ့နံနက်(၉)နာရီအချိန်မှစတင်ကာ ဥသျှစ်ပင်တိုက်နယ်ဆေးရုံ၌အခြေပြု၍ ဒေသခံပြည်သူများအား နယ်လှည့်ကွင်းဆင်း(အခမဲ့) ဆေးကုသပေးခြင်းများဆောင်ရွက်ပေးခဲ့သည်။

တောင်ငူမြို့၌ ရေဘေးရှောင်စခန်း (၂၉)ခု ဖွင့်လှစ်ဆောင်ရွက်ထားလျက်ရှိ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့၌ ဇူလိုင် ၂၇ ရက်နေ့မှ စတင်၍ စစ်တောင်းမြစ်ရေစိုးရိမ်ရေမှတ်အထက်ရောက်ရှိခဲ့ပြီး  မြေနိမ့်ပိုင်းများသို့ မြစ်ရေဝင်ရောက်လျက်ရှိသောကြောင့် မြေနိမ့်ပိုင်းရှိပြည်သူများအား ဘေးလွတ်ရာသို့ရွှေ့ပြောင်းပေးလျက်ရှိသည်။
Subscribe to ပဲခူးတိုင်းဒေသကြီး