ထန်းတပင်(ပဲခူး) စက်တင်ဘာ ၁၃
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ်၌ ရေဘေးသင့် အိမ်ထောင်စု (၅၅၉) စုအတွက် အပြည်ပြည် ဆိုင်ရာ ကြက်ခြေနီ၊ လခြမ်းနီအသင်းနှင့်မြန်မာနိုင်ငံ ကြက်ခြေနီအသင်းတို့မှ သဘာဝဘေးရန်ပုံငွေဖြင့် ၂၀၂၄ ခုနှစ် ရာဂီရေဘေးအတွက် ထောက်ပံ့ငွေပေးအပ်ခြင်းကို စက်တင်ဘာ ၁၃ ရက်နေ့ နံနက် ၉ နာရီက သီရိရတနာရပ်ကွက် မဟာဝိသုတရာမ ဘုန်းတော်ကြီးကျောင်းတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲတို့ ပူးပေါင်း၍ တဆင့် လှူဒါန်းပေးခဲ့သည်။
အဆိုပါရေဘေးလှူဒါန်းမှုတွင် အောင်သုခရပ်ကွက်အတွင်းရှိ ပြည်သူများအား အိမ်ထောင်စု တစ်စုလျှင် ငွေကျပ် ( ၄ ) သိန်းကို အိမ်ထောင်စု (၁၃၇) စု အတွက် ငွေကျပ်( ၅၄၈) သိန်းကို ရေဘေးသင့်ပြည်သူများလက်ဝယ်အရောက် လှူဒါန်းပေးခဲ့ပြီး ကျန်အိမ်ထောင်စုများကို အလှည့်ကျစနစ်ဖြင့်ပေးအပ်လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)