ဒိုက်ဦးမြို့ အနန္တဂုဏ်ရည်ဆေးခန်း၌ လူနာများအား အခမဲ့ကုသပေး

ဒိုက်ဦး စက်တင်ဘာ ၁၃

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ အမှတ်(၆) မင်းတဲရပ်ကွက်ရှိ ပါမောက္ခ ဒေါက်တာသန်းလွင် (အသည်းအထူးကုပါရဂူ) ဆောက်လုပ်လှူဒါန်းသော ဒေါ်ခင်ချစ်ဓမ္မာရုံရှိ အနန္တဂုဏ်ရည်ဆေးခန်း၌ ယနေ့နံနက်ပိုင်းက အထွေထွေရောဂါဖြစ်ပွားသော ရဟန်းရှင်/လူ လူနာ (၂၀၀)ဦးကျော်အား အခမဲ့ကုသပေးခဲ့သည်။

အဆိုပါဆေးခန်းကို အပတ်စဥ် စနေနေ့တိုင်း ဖွင့်လှစ်ပြီး မျက်စိရောဂါ၊ အသည်းရောဂါ၊ မီးယပ်သားဖွားရောဂါ၊ နှလုံးရောဂါ၊ သွားရောဂါ၊ အရိုးအကြောရောဂါ၊ ကျောက်ကပ်ရောဂါနှင့် ဆီးလမ်းကြောင်းရောဂါ စသည့်ရောဂါများကို အထူးကုဆရာဝန်များကလည်း တစ်လလျှင်တစ်ကြိမ် လာရောက်၍ မေတ္တာဖြင့်ကုသပေးကြပြီး အသည်းကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသောသူများအား ဆေးထိုးပေးခြင်း၊ ဆေးဝါးများအခမဲ့ပေးလှူ​ပြီး အသည်းရောဂါကာကွယ်ရေးအတွက် ယနေ့မှစ၍ အပတ်စဥ် အသည်းရောင်အသားဝါ ဘီပိုးရှိမရှိ စစ်ဆေးပေးမည်ဖြစ်ပြီး ပိုးမရှိသူများအား ဘီပိုးကာကွယ်ဆေး အခမဲ့ထိုးနှံပေးမည်ဖြစ်ပါကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)