နတ်တလင်း စက်တင်ဘာ ၁၄
၂၀၂၅ခုနှစ်၊ နတ်တလင်းခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား U-25 အမျိုးသမီးဘောလုံးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၈) နာရီက နတ်တလင်းမြို့နယ်အားကစားကွင်း၌ ကျင်းပသည်။
ဦးစွာ နတ်တလင်းခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ဝင်းလှိုင်မှ အဖွင့်အမှာစကားပြောကြားပြီး ပြိုင်ပွဲဝင်အားကစားသမားများမှ အားကစားသစ္စာအဓိဋ္ဌာန်ရွတ်ဆိုခဲ့ကာ နတ်တလင်းခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ အားကစားသမားများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြသည်။
အဆိုပါအမျိုးသမီးဘောလုံးပြိုင်ပွဲကို နတ်တလင်းမြို့နယ်၊ ဇီးကုန်းမြို့နယ်၊ ပေါင်းတည်မြို့နယ်၊ သဲကုန်းမြို့နယ်အသင်းတို့ ပါဝင်ယှဥ်ပြိုင်ကြပြီး ယနေ့တွင် သဲကုန်းမြို့နယ်အသင်းနှင့် ပေါင်းတည်မြို့နယ်အသင်းတို့ ယှဥ်ပြိုင်နေမှုကို နတ်တလင်းခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်နှင့် မြို့နယ်အလိုက် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဘောလုံးဝါသနာရှင် ဒေသခံပြည်သူများ ကြည့်ရှုအားပေးခဲ့ကြသည်။
ဝေယံဖြိုး (ပြန်/ဆက်)