ဖြူးမြို့နယ် အခြေခံပညာကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေးဟောပြော၍ စာဖတ်ရှိန်မြှင့်တင်ရေးကွင်းဆင်းဆောင်ရွက်
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်အတွင်း အခြေခံပညာကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူများ အကျင့်စာရိတ္တကောင်းမွန်စေရေး၊ အသိ ပညာဗဟုသုတများရရှိစေရေး၊ ကျောင်းစာအပြင် ပြင်ပစာပေဗဟုသုတများရရှိစေရေးအတွက်ရည်ရွယ်၍ ယမန်နေ့နံနက်(၁၀)နာရီအချိန်က စတင်ကာ အ.လ.က(ခွဲ)တပ်တွင်းကျောင်းနှင့် အ.လ.က(ခွဲ)ထန်းကုန်းကျောင်းများ၌ ဌာနဆိုင်ရာများပူးပေါင်းပြီး အသိပညာပေးဟောပြော၍ စာဖတ်ရှိန်မြှင့်တင်ရေးကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။