ပေါက်ခေါင်း စက်တင်ဘာ ၂၀
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနမှ မြောက်ကြီးကျေးရွာအုပ်စု၊ စံပြရွာသစ်ရှိ တောင်သူဦးသန်းအောင်၏ ဆောင်းမြေပဲဧက စတင်စိုက်ပျိုးနေမှုအား စက်တင်ဘာ ၁၉ ရက်နေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ပေါက်ခေါင်းမြို့နယ်တွင် ၂၀၂၄ ခုနှစ်အတွင်း ဆောင်းသီးနှံအမျိုးမျိုးကို ဧက (၂၀၀၀၀) ကျော် စိုက်ပျိုးနိုင်ခဲ့ပြီး ယခုနှစ်တွင်လည်း ဆောင်းသီးနှံအမျိုးမျိုး ဧက (၃၀၀၀၀) ကျော် ပိုမိုစိုက်ပျိုးနိုင်ရန်နှင့် အထွက်နှုန်း ပိုမိုကောင်းမွန်စေရန်အတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ အနီးကပ်ကြီးကြပ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ထိုသို့စိုက်ပျိုးခြင်းဖြင့် ဒေသခံတောင်သူများအနေဖြင့် မိသားစုဝင်ငွေ ပိုမိုတိုးတက်လာမည်ဖြစ်ကြောင်း၊ ဒေသခံတောင်သူများအနေဖြင့် နည်းပညာအခက်အခဲများရှိပါက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနသို့ ဆက်သွယ်အကူအညီ တောင်းခံနိုင်ပါကြောင်းနှင့် ခေတ်မီစိုက်ပျိုးရေးနည်းစနစ်များကို စိုက်ပျိုးရေးဦးစီးဌာနမှ ဆက်လက်ကူညီထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ပေါက်ခေါင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပြီး သစ်စိမ်း မြေဩဇာ (ပိုက်ဆံလျှော်) မျိုးစေ့များလည်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ပေါက်ခေါင်းမြို့နယ်အတွင်းရှိ တောင်သူများအနေဖြင့် ဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲမျိုးစုံ၊ ဝါနှင့်အခြားဟင်းသီးဟင်းရွက်သီးနှံစုံတို့ကိုလည်း ရာသီအလိုက် စီးပွားဖြစ်သော် လည်းကောင်း၊ တစ်နိုင်တစ်ပိုင်သော်လည်းကောင်း စိုက်ပျိုးထုတ်လုပ်ရောင်းချလျက်ရှိကြောင်း သိရသည်။
ဖုန်းကျော်ဇင်(ပြန်/ဆက်)