ကြို့ပင်ကောက် စက်တင်ဘာလ ၁၉
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားလာစေရန်ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းများကို စက်တင်ဘာလ ၁၉ ရက်နေ့နံနက်ပိုင်းက မူလတန်း(လွန်)ကြို့ပင်သာကျောင်း၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ဝင်းလေးက ကျောင်းသား၊ ကျောင်းသူများအား စာဖတ်ခြင်းဖြင့်ရရှိနိုင်သော အကျိုးကျေးဇူးများ၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးနှင့် လူကုန်ကူးမှုအန္တရာယ် အကြောင်းတို့နှင့်ပတ်သက်၍ အသိပညာပေးဟောပြော၍ ဒုတိယဦးစီးမှူး ဒေါ်တင်တင်ဝင်းက ကလေးငယ်များအား ပုံပြင်စာအုပ်များဖတ်ပြခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများအား အသိပညာဗဟုသုတရရှိစေရန် သဘာဝဘေးအန္တရာယ်၊ လူကုန်ကူးမှုနှင့် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်တို့ကို ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဇေယျာထွန်း (ပြန်/ဆက်)