ပေါင်းတည် စက်တင်ဘာ ၂၀
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ် ကုသိုလ်ဖြစ်ဆေးရုံ၌ အပြင်လူနာများအား စနေနေ့တိုင်း ကုသိုလ်ဖြစ် ကျန်းမာရေးဝန်ဆောင်မှုပေးလျက်ရှိသည်။
အဆိုပါဆေးရုံသည် ပေါင်းတည်မြို့၊ ဈေး(၁)ရပ်ကွက်၊အရှေ့လမ်းထိပ် ရန်ကုန်-ပြည် ကားလမ်းဘေးတွင်တည်ရှိပြီး၊ မြို့နယ်ပရဟိတလူမှုအသင်းအဖွဲ့များ စုပေါင်းတည်ထောင်ထားသည့် ခွင့်ပြုချက်ရ ကုသိုလ်ဖြစ်ဆေးရုံဖြစ်ကြောင်း၊ အရေးပေါ်ယာဉ် ဝန်ဆောင်မှုပေးခြင်း၊ အထွေထွေရောဂါ စမ်းသပ်ရှာဖွေပေးခြင်း၊အတွင်းလူနာ၊ အပြင်လူနာများအား ဆေးကုသပေးခြင်း၊ ဆေးပေးခြင်း၊ဆေးထိုးနှံပေးခြင်းများနှင့် လိုအပ်သည့် ဆေးကုသမှုဆက်လက်ခံယူရန် လမ်းညွှန်မှုပေးခြင်းတို့ဖြင့် ဝန်ဆောင်မှုပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါဆေးရုံတွင် ပါရဂူများ၊ ကျွမ်းကျင် ဆရာဝန်များက အပြင်လူနာများအား စနေနေ့တိုင်း ကုသိုလ်ဖြစ် ဆေးကုသပေးလျက်ရှိကြောင်း၊ ထို့ပြင် အဆိုပါဆေးရုံ တာဝန်ရှိသူများက ပြည်သူ့ကျန်းမာရေးအတွက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ရွှေသား(IPRD)