ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း လက်ပံတန်းမြို့နယ် မိုးစပါးစံကွက်ရိတ်သိမ်းနေမှု ကြည့်ရှုအားပေး

လက်ပံတန်း စက်တင်ဘာ ၂၁

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းနှင့်အဖွဲ့ဝင်များ၊ သာယာဝတီခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ လက်ပံတန်းမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ယမန်နေ့နံနက်ပိုင်းက လက်ပံတန်းမြို့နယ်၊ ကွမ်းခြံကျေးရွာ၊ မိုးစပါးစံကွက် ၇ ဧကတွင် ရိတ်သိမ်းဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးခဲ့သည်။

ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ကွမ်းခြံအုပ်စု၊ ကွမ်းခြံကျေးရွာ၊ ကွင်းအမှတ်-၁၁၆၄ W ဦးပိုင်အမှတ်-၂ တောင်သူ ဦးစံမင်း၏ အောင်နိုင်တိုးမိုးစပါးစံကွက် တစ်ဧကလျှင် အစိုထွက် ၁၃၂ ဒဿမ ၇ တင်းထွက်ရှိခဲ့မှုအခြေအနေအား ကြည့်ရှုအားပေးခဲ့ပြီး တောင်သူများအား ဆောင်းသီးနှံစိုက်ပျိုးရန်အတွက် TBL-9 မတ်ပဲမျိုးနှင့် နေကြာမျိုးများကို ပေးအပ်ခဲ့ကြောင်း သိရသည်။

လက်ပံတန်းမြို့နယ်အနေဖြင့် ၂၀၂၅ ခုနှစ်၊ မိုးစပါးရာသီ၌ မိုးစပါးစိုက်ဧက ၁၀၁၈၃၈ ဧက စိုက်ပျိုးထားရာ ယခုအချိန်တွင် မိုးစပါးများ ရိတ်သိမ်းချိန်ဖြစ်၍ မိုးပါးစိုက်ဧကများအနက် ၁၁၅၆ ဧကကို ရိတ်သိမ်ပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရသည်။

မြို့နယ် (ပြန်/ဆက်)