ဖြူးပြည်သူ့ဆေးရုံကြီး အထူးကုဆရာဝန်ကြီးများမှ ကညွတ်ကွင်းမြို့နေ ပြည်သူများအား နယ်လှည့်ကွင်းဆင်းဆေးကုသပေး

ဖြူး စက်တင်ဘာ ၂၁

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ ခုတင် (၁၀၀) ဆံ့ ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများသည် စက်တင်ဘာလ ၂၀ နံနက် (၈) နာရီမှ စတင်ကာ ကညွတ်ကွင်းတိုက်နယ်ဆေးရုံ၌ အခြေပြု၍ ဒေသခံပြည်သူများအား နယ်လှည့် ကွင်းဆင်းဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ကုသပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာ​ရေးဦးစီးမှူး၊ ဆေးရုံအုပ်ကြီး ဒေါက်တာ အောင်ကျော်မိုး ဦးဆောင်၍ အထွေထွေရောဂါကုသမားတော်၊ ကလေးအထူးကု၊ ခွဲစိတ်ရောဂါအထူးကု၊ သားဖွားမီးယပ်အထူးကု၊ အရိုးအကြောအထူးကု၊ သွားနှင့်ခံတွင်း အထူးကုဆရာဝန်ကြီးများသည်  စုစုပေါင်းဆေးကုသမှုခံယူသူ (၃၈၂)ဦးခန့်အား ကုသပေးခဲ့ကြောင်းနှင့် အဆိုပါ ကျန်းမာရေးစောင့်ရှောက်ကုသပေးနေမှုအား မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီမှ ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

 နေမျိုးလွင်(ပြန်/ဆက်)