ရေတာရှည် စက်တင်ဘာ ၂၀
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တွင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့်အဖွဲ့သည် ရေတာရှည်မြို့နယ်၊ ကျေးရွာများအတွင်းရှိ ပြည်သူများ စားဝတ်နေရေး အဆင်ပြေစေရန်ရည်ရွယ်၍ စားသုံးဆီကိုယ်စားလှယ်များထံသို့ ကွင်းဆင်းကြီးကြပ်စစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းကြီးကြပ်စစ်ဆေးရာတွင် ပိတောက်ခင်ကျေးရွာ၊ ညောင်ပင်သာကျေးရွာ၊ သပြေတန်းကျေးရွာ၊ ဆွာမြို့တောင်ပိုင်း(၂)ရပ်ကွက်နှင့် ရေနီမြို့(၁)ရပ်ကွက်များအတွင်းရှိ ပြည်သူများအား စားသုံးဆီဝယ်ယူခွင့်စာအုပ်နှင့် စာအုန်းဆီလာရောက်ထုတ်ယူနေခြင်းအပေါ် သတ်မှတ်ဈေးနှုန်းဖြင့် ရောင်းချပေးနေခြင်းရှိ၊ မရှိနှင့် တစ်လတာအတွင်း ရောင်းချပေးမှုအကြိမ်ရေ၊ ရရှိမှုပမာဏတို့ကို သိရှိရန်အတွက် စားသုံးဆီလက်လီရောင်းချပေးနေသော ကိုယ်စားလှယ်များထံသို့ ကွင်းဆင်းကြီးကြပ်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်းကို စားသုံးသူရေးရာဦးစီးဌာနမှ သိရှိရသည်။
မြို့နယ် (ပြန်/ဆက်)