ဒိုက်ဦးမြို့တွင် ပဲခူးတိုင်းဒေသကြီး တိုင်းရင်းဆေးပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်းခွဲ (ပဲခူး)တို့မှ ပူးပေါင်းကွင်းဆင်းဆေးကုသ
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့၊ အမှတ်(၇)စက်ကွင်းရပ်ကွက်၊ သီရိမင်္ဂလာပရိယတ္တိစာသင်တိုက်တွင် ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန(ရုံးချုပ်)နှင့် ပဲခူးတိုင်းဒေသကြီး တိုင်းရင်းဆေးပညာဦးစီးဌာန၏လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီး ဦးစီးဌာနမှူးဦးစီး၍ စတုတ္ထအကြိမ်မြောက်ဆေးကုသမှု ဆောင်ရွက်ပေးကြောင်း သိရသည်။