ရွှေကျင် အောက်တိုဘာ ၁၉
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ စာအုပ်၊ စာစောင်ပြသခြင်းနှင့် နယ်လှည့်စာကြည့်တိုက်လုပ်ငန်းဆောင်ရွက်ခြင်းကို အောက်တိုဘာ ၁၇ ရက် မွန်းလွဲ(၂)နာရီက အနောက်ဘက်ကျေးရွာအုပ်စု၊ ဝဲကြီးကျေးရွာ၊ အခြေခံပညာမူလတန်း(လွန်)ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်ခက်ရီဝေက အဖွင့်အမှာစကားပြောကြားပြီး ရွှေကျင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးမျိုးငြိမ်းက ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးပြီး၊ ထူးချွန်ထက်မြတ်သူများဖြစ်လာစေရန်၊ သိသင့်သိထိုက်သည့်အကြောင်းအရာများကို သိရှိနိုင်ရန်အတွက် ကျောင်းစာအပြင် ပြင်ပဗဟုသုတစာပေများကို ဖတ်ကြရန်အတွက် မူးယစ်ဆေးဝါးအန္တရာယ်များအကြောင်းနှင့် လူငယ်ရေးရာအသိပညာပေးအကြောင်းအရာများကို ဟောပြောခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်အဖြစ် ဒုတိယဦးစီးမှူး ဦးမျိုးငြိမ်းနှင့် ဒေါ်မို့မို့သွင်(ရုပ်/သံ)ကျွမ်းကျင်-၃တို့က ကျောင်းသား/ ကျောင်းသူများအား အသိပညာတိုးပွားစေမည့်၊ နံရံကပ်စာစောင်များ၊ ရုပ်ပုံပါပုံပြင်စာအုပ်များ၊ သုတ/ရသစာအုပ်များအား ဖတ်ရှုစေရန် ပြသခဲ့ရာ ကျောင်းသား/ ကျောင်းသူများက စိတ်ပါ၀င်စားစွာ ဖတ်ရှုလေ့လာကြကြောင်း သိရသည်။
ထွန်းထွန်းဇော် (ပြန်/ဆက်)