ပေါက်ခေါင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ Book Club ၊ Youth Club အဖွဲ့ဝင်များနှင့် ပူးပေါင်း၍ စာဖတ်ဝိုင်းပြုလုပ်

ပေါက်ခေါင်း အောက်တိုဘာ ၁၈

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်  စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း (Book Club) ၊ ဝါသနာတူလူငယ်များအသင်း (Youth Club) တို့ ပူးပေါင်းပြီး စာရေးဆရာ အောင်သင်းရေးသားသော "ကလေး၊လူငယ်၊ လူကြီးနှင့် စာပေ" စာအုပ်ဖြင့် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယမန်နေ့ နေ့လယ်ပိုင်းက စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ချစ်နှင်းသုန်က စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်များကိုပြောကြားကာ စာရေးဆရာ အောင်သင်း ရေးသားသော "ကလေး၊လူငယ်၊လူကြီးနှင့်စာပေ"စာအုပ်မှ "ဒေါသလည်းဖြစ် စိတ်လည်းညစ်" ခေါင်းစဥ်

ဖြင့် စတင်ဆွေးနွေးခဲ့ပြီး (Book Club) အဖွဲ့ဝင်များဖြစ်ကြသော စာပေဝါသနာရှင် ဦးတင်ဝင်းနှင့် ဦးစိုးနိုင်တို့က "လုပ်ချင်တာလုပ် လုပ်သင့်တာတော့ ပြီးအောင်လုပ်" ၊ "မောင်ကျော်ထက် (ခေတ္တဂျပန်)"  စသည့် ခေါင်းစဥ်ခွဲများကို အသီးသီးဖတ်ကြားဆွေးနွေးခဲ့ရာ (Youth Club) အဖွဲ့ဝင်များ၊ စာပေချစ်သူများက သိရှိလိုသည်များကို ပြန်လည်မေးမြန်းပြီး စာပေဗဟုသုတ တိုးတက်စေရန် တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ စာပေချစ်မြတ်နိုးသူများအတွက် စာအုပ်စာစောင်များနှင့် နံရံကပ်စာစောင်များကို ပြသခဲ့ရာ ဆွေးနွေးပွဲတက်ရောက်ကြသူများက စိတ်ဝင်တစားကြည့်ရှုခဲ့ပြီး စာဖတ်ဝိုင်းဆွေးနွေးပွဲများကို စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း (Book Club) ၊ ဝါသနာတူလူငယ်များအသင်း (Youth Club) တို့နှင့်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ အသိပညာဗဟုသုတများ တိုးတက်မြင့်မားစေရန် ရည်ရွယ်၍ လစဥ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဖုန်းကျော်ဇင် (ပြန်/ဆက်)