တောင်ငူမြို့၌ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ဆောင်ရွက်

တောင်ငူ အောက်တိုဘာ ၁၉

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပညာရေးဌာနတို့ပူးပေါင်း၍ အောက်တိုဘာလ ၁၇ ရက်နေ့ မွန်းလွဲပိုင်းက တောင်ငူမြို့၊ ထီးနီကုန်းအခြေခံပညာ အလယ်တန်းကျောင်းခွဲ၌ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ဆောင်ရွက်သည်။

ထိုသို့ဆောင်ရွက်ရာတွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ယဥ်ယဥ်အေးက စာအုပ်စာပေအကြောင်း အသိပညာပေးဟောပြောဆွေးနွေးပြီး  အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေသည်။ ထို့နောက်တောင်ငူခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများက ကလေးငယ်များအား အသိပညာဗဟုသုတ ရရှိစေရေးနှင့် ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကိုယ်လက်လေ့ကျင့်ခန်းများ ဆောင်ရွက်၍ ပုံပြင်ပြောပြခြင်း၊ ကလေးငယ်များအား စာဖတ်သည့် အလေ့အထများရရှိစေရန် နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာအုပ်များငှားရမ်းခြင်းတို့ဆောင်ရွက်ပြီး၊ အသိပညာပေး နံရံကပ်စာစောင်များအား ပြသခဲ့ရာ ကျောင်းသား ကျောင်းသူများမှ ကြည့်ရှုလေ့လာခဲ့ ကြကြောင်းသိရသည်။

ခရိုင် (ပြန်/ဆက်)