ရွှေကျင် အောက်တိုဘာ ၁၈
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ် အနောက်ဘက်ကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲကို ယမန်နေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ကျောင်းဆရာမကြီးဒေါ်နှင်းမို့မို့က အဖွင့်အမှာစကားပြောကြားပြီး ရွှေကျင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဒုတိယဦးစီးမှူး ဦးမျိုးငြိမ်းက ကလေးအလုပ်သမားဆိုသည့် အကြောင်းအရာများ၊ ကလေးအလုပ်သမား ဘယ်လိုပေါ်ပေါက်လာသည်ဆိုသည့် အကြောင်းအရာများ၊ ကလေးအလုပ်သမားများကို မည်သို့ဖြေလျှော့ပပျောက်အောင် ဆောင်ရွက်ရမည့်နည်းလမ်းများအကြောင်း၊ ကလေးအလုပ်သမားများ၏ လုပ်ငန်းခွင်အန္တရာယ်များအကြောင်းတို့ကို အကျယ်တဝင့် ရှင်းလင်းပြောကြားပေးခဲ့ကြောင်း သိရသည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများ အသိပညာ ဗဟုသုတတိုးပွားစေမည့် နံရံကပ်စာစောင်များ၊ သုတ/ရသစာအုပ်များ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်း/ကော်မတီမှ ထုတ်ဝေသည့် ရုပ်ပြ၊ ကဗျာစာအုပ်များအား ဖတ်ရှုစေရန် ပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ဖတ်ရှုလေ့လာကြကြောင်း သိရသည်။
ထွန်းထွန်းဇော်(ပြန်/ဆက်)