ပန်းဘဲတန်း အောင်တိုဘာ ၂၁
၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင်စတင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းများကို ယမန်နေ့နံနက်ပိုင်းကစတင်ပြီး ပန်းဘဲတန်းမြို့နယ် ကော်မရှင်အဖွဲ့ခွဲရုံးတွင် ကြေညာထားကြောင်း သိရသည်။
ပန်းဘဲတန်းမြို့နယ် ကော်မရှင်အဖွဲ့ခွဲရုံးအနေဖြင့် စက်တင်ဘာလ (၂၃) ရက်နေ့မှ အောက်တိုဘာလ (၄) ရက်နေ့အထိ သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲ ဥပဒေနည်းဥပဒေများနှင့်အညီစိစစ်ခြင်းကို ဆောင်ရွက်ခဲ့ကြပြီးဖြစ်၍ စိစစ်လက်ခံအတည်ပြုထားသော သက်ဆိုင်ရာလွှတ်တော်မဲဆန္ဒနယ်အလိုက် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းကြေညာပုံစံ (၁၀)၊ ပုံစံ(၁၀-က)နှင့်( ၁၀- ခ)များကို မြို့နယ် ကော်မရှင်အဖွဲ့ခွဲရုံးနှင့် ရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲ့ခွဲရုံးများတွင် အောက်တိုဘာလ (၂၀) ရက်နေ့ တစ်ပြိုင်တည်း ကပ်ထားကြေညာမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)