နတ်တလင်း အောက်တိုဘာ ၂၁
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင် နတ်တလင်းမြို့နယ်တွင် ၂၀၂၅ ခုနှစ်ဒီဇင်ဘာလတွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းကြေညာချက်များကို အောက်တိုဘာ ၂၀ ရက်နေ့နံနက်ပိုင်းက စတင်ကပ်ထားကြေညာထားရှိကြောင်း သိရသည်။
အဆိုပါ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းကြေညာချက်များကို သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေ၊ နည်း ဥပဒေများနှင့်အညီစိစစ်ခြင်းကို ဆောင်ရွက်ခဲ့ပြီး စိစစ်လက်ခံအတည်ပြုထားသော သက်ဆိုင်ရာလွှတ်တော်မဲဆန္ဒနယ်အလိုက် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းကြေညာချက်ပုံစံ(၁၀)၊ ပုံစံ(၁၀-က)၊ ပုံစံ(၁၀-ခ)များအား မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးနှင့် ရပ်/ကျေးကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကြေညာထားရှိကြောင်း မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
ဝေယံဖြိုး(ပြန်/ဆက်)