ပဲခူးတိုင်းဒေသကြီး

ပဲခူးမြို့၌ ၂၀၂၅ ခုနှစ်၊ နိုင်ငံတကာစာတတ်မြောက်ရေးနေ့အခမ်းအနား ကျင်းပပြုလုပ်

ပဲခူးမြို့၊ မြို့တော်ခန်းမ၌ စက်တင်ဘာလ(၈)ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၅ ခုနှစ်၊ နိုင်ငံတကာစာတတ်မြောက်ရေးနေ့အခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီး ဒေါ်စိုးစိုးသက် တက်ရောက်ချီးမြှင့်ခဲ့သည်။

ရွှေတောင်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အတွင်း ပြည်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ပြည်ခရိုင်စိုက်ပျိုးရေးမွေးမြူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးသိန်းအောင်နှင့်အဖွဲ့ဝင်များ ရွှေတောင်မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက် ပျိုးရေးမွေးမြူရေးကြီးကြပ်မှုကော်မတီပါ အဖွဲ့ဝင်များမှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။

သဲကုန်းမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများ အောင်ချက်မြင့်မားရေးအတွက် တက္ကသိုလ်ဝန်ထမ်းစာမေးပွဲ အောင်ချက်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် (၁၀)နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း(သဲကုန်း)၌ ဆောင်ရွက်ခဲ့သည်။ 

တောင်ငူ၌ ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များအား ရှင်းလင်းဆွေးနွေးခြင်းအခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဘုရင့်နောင်ခန်းမ၌ ယနေ့မွန်းတည့် ၁၂ နာရီအချိန်က ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များ ရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားကျင်းပသည်။

ကြို့ပင်ကောက်မြို့တွင် အနာကြီးရောဂါအကြာင်းအသိပညာပေးဆွေးနွေးပွဲနှင့် အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်၊ ရွာမမြောက်ရပ်ကွက် ဇမ္ဗူအေးစေတီတော်ဘုရားပရိဝုဏ်အတွင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာန အနာကြီးရောဂါတိုက်ဖျက်ရေးဌာနက အနာကြီးရောဂါအကြောင်း အသိပညာပေးဆွေးနွေးပွဲနှင့် အခမဲ့ဆေးကုသပေးခြင်းကို စက်တင်ဘာလ ၆ ရက်နေ့ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

ပြည်တက္ကသိုလ်၌မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဆိုင်ရာအသိပညာပေးလက်တွေ့စမ်းသပ်မဲပေး 

ပြည်တက္ကသိုလ်၌ ယမန်နေ့က မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအခမ်းအနားပြုလုပ်ရာ ယင်းတက္ကသိုလ်မှ ပါမောက္ခချုပ်နှင့် ဒုတိယပါမောက္ခချုပ်များ၊ သင်ကြား/စီမံအရာရှိများနှင့် ပါမောက္ခ(ဌာနမှူး)များ၊ ဘာသာရပ်ပေါင်းစုံမှ ဆရာ၊ ဆရာများနှင့် ကျောင်းသား၊ ကျောင်းသူများစုစုပေါင်း ၇၀၀ ခန့်တက်ရောက်ကြသည်။

ကျောက်တံခါးမြို့နယ်တွင် တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း ကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်း‌ဒေသကြီး ၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနသည် ကာကွယ်ဆေးထိုးခြင်းဖြင့် ကာကွယ်နိုင်သောရောဂါများဖြစ်ပွားမှုမှ ကာကွယ်နိုင်ရေးအတွက် တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းကို  မြို့ပေါ်ရပ်ကွက်များ၊ ကျေးရွာများနှင့် အခြေခံပညာကျောင်းများတွင်  ဆောင်ရွက်ခဲ့သည်။

ကျောက်ကြီးမြို့နယ်၌ (၁၃၇) ကြိမ်မြောက် ရှင်ဥပဂုတ္တရဟန္တာမထေရ်မြတ် မီးမျှောပူဇော်ပွဲ ရိုးရာအစဥ်အလာမပျက် ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၌ (၁၃၇) ကြိမ်မြောက် ရှင်ဥပဂုတ္တရဟန္တာမထေရ်မြတ် မီးမျှောပူဇော်ပွဲကို ရိုးရာအစဥ်အလာမပျက် စက်တင်ဘာ ၆ ရက်နေ့ နံနက်ပိုင်းကစတင်ပြီး ကျောက်ကြီးချောင်းဘေးရှိ ရှင်ဥပဂုတ္တရဟန္တာမထေရ်မြတ် ကိန်းဝပ်စံပယ်ရာစံကျောင်းတော်နှင့် ကျောက်ကြီးချောင်းအတွင်း ကျင်းပလျက်ရှိကြောင်း သိရသည်။

သဲကုန်းမြို့နယ်တွင် ၂၀၂၅ ခုနှစ် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် ​မြို့နယ်အဆင့် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် ၂၀၂၄ခုနှစ်  အောက်တိုဘာလ (၅) ရက်နေ့ တွင်ကျရောက်မည့် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အဖြစ် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲကို ယနေ့နံနက် (၉) နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း (သဲကုန်း)တွင် ကျင်းပခဲ့သည်။

ဆုတောင်းပြည့် ဆံတော်ရှင်ရွှေမော်ဓောစေတီတော်မြတ်ကြီး၌ တော်သလင်းလပြည့် (ဂရုဓမ္မအခါတော်နေ့) အခမ်းအနားကျင်းပ

ဆုတောင်းပြည့် ဆံတော်ရှင်ရွှေမော်ဓောစေတီတော်မြတ်ကြီး၌ တော်သလင်းလပြည့် (၃၁)ကြိမ်မြောက် ဂရုဓမ္မအခါတော်နေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းက စေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ရှိ ရွှေကျောင်းတော်(ကျောက်ပန်းတောင်းဓမ္မာရုံ)၌ ကျင်းပသည်။
Subscribe to ပဲခူးတိုင်းဒေသကြီး