ပေါင်းတည်၌ ဗုဒ္ဓမြတ်စွယ်တော် အပူဇော်ခံပွဲစည်ကားသိုက်မြိုက်စွာဖြင့် အောင်မြင်စွာ ပြီးစီး
ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၌ တော်သလင်းလဆန်း ၁၃ ရက်၊ စက်တင်ဘာ ၄ ရက်မှ တော်သလင်းလပြည့်နေ့၊ စက်တင်ဘာ ၆ ရက်အထိ ၃ ရက်တိုင် ကျင်းပပြုလုပ်သော ၁၂၈ ကြိမ်မြောက် ဗုဒ္ဓမြတ်စွယ်တော်အပူဇော်ခံပွဲကို နောက်ဆုံးနေ့ တော်သလင်းလပြည့်နေ့ ည ၇ နာရီတွင် ပိတ်ပွဲအခမ်းအနားကျင်းပခဲ့ရာ စည်ကားသိုက်မြိုက်စွာဖြင့် အောင်မြင်စွာပြီးစီးခဲ့ကြောင်း သိရသည်။